News

POST TYPE

NEWS

အာဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်များ တစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်ရန် သုတေသနပြုလုပ်
26-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၆

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုရှိ သုတေသနပညာရှင်များသည် စားသုံးမှုလုံခြုံစိတ်ချ၍  ဘေးအန္တရာယ်ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များ တိုးမြှင့်ထုတ်လုပ်နိုင်မည့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ခြင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသုတေသနသည် စားသုံးမှု လုံခြုံစိတ်ချရသည့် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ရွက်စားသီးနှံများနှင့် စင်တင်စိုက် ပျိုးရသည့် သီးနှံများကို ပိုးလုံအိမ် (Net House) တွင်လည်းကောင်း၊ ကွင်းပြင် 
(Open Field) တွင်လည်းကောင်း စမ်းသပ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ 

အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဓာတုပိုးသတ်ဆေးနှင့် မြေဩဇာများအစား  သဘာဝမြေဩဇာများဖြစ်သည့် တီမြေဆွေး၊ နွားချေး၊ ကြံမြုပ်ချေးများအပြင် သဘာဝပိုးသတ်ဆေးများဖြစ်သည့် တမာပိုးသတ်ဆေး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးပိုးနှင် ဆေးများ အသုံးပြု၍ သုတေသနပြုလုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါသုတေသနဆောင်ရွက်ခြင်း ဖြင့် မြန်မာနိုင်ငံ၏ ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်မှုတွင် အာဟာရပြည့်ဝပြီး စားသုံးမှုစိတ်ချရသော ဟင်းသီးဟင်းရွက်များ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

S-07