News

POST TYPE

NEWS

တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် ဥရောပကုန်သည်ကြီးများအသင်းနှင့် MoU ရေးထိုး
26-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း တို့အကြား Video Conferencing ဖြင့်  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင် ရာ ဥရောပကုန်သည်ကြီးများအသင်းတို့ အကြား နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့် နှစ် အောက်တိုဘာလ ၂၁ ရက်နေ့က Video Conferencing  ဖြင့် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနား တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဦးသန့်စင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်းမှ Exe-cutive Director ဖြစ်သူ Ms Karina Ufert  တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပြီး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါနားလည်မှု စာချွန်လွှာ သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်သည့်  ရေရှည်တည်တံ့သော စီးပွားရေးပတ်ဝန်း ကျင်တစ်ခု ဖန်တီးခြင်းကို အထောက်အပံ့ ပေးနိုင်ရန် ရည်ရွယ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ထံမှ သိရသည်။ 

ယင်းအခမ်းအနားတွင် EuroCham Myanmar က ထုတ်ဝေသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြု ချက်များ (White Book 2020) ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ပေးအပ်ခဲ့သည်။

S-07