News

POST TYPE

NEWS

ချန်ပီယံကာကွယ်ပွဲယှဉ်ပြိုင်ရန်စင်ကာပူသို့ ရောက်ရှိနေသည့် အောင်လအန်ဆန်နှင့်အဖွဲ့ လေ့ကျင့်မှု စတင်ပြုလုပ်
25-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၂၅

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည့် အောင်လအန်ဆန်သည် ၎င်းအဖွဲ့နှင့်အတူ လေ့ကျင့်မှုပြုလုပ်နေပြီး ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီဟု ဆိုသည်။

ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ ၃၁ နာရီကြာ လေယာဉ်စီးခဲ့ရခြင်းကြောင့် ခရီးပန်းမှုကို ခံခဲ့ရသော်လည်း ပြိုင်ပွဲအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း အောင်လကပြောသည်။

အောင်လသည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ်လာမည့် အောက်တိုဘာ ၃၀ရက်တွင် ရှုံးပွဲမရှိဖိုက်တာ ဒီရိုက်ဒါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

"ကျွန်တော့်အဖွဲ့နဲ့ ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်နေပါပြီ။သောကြာနေ့အတွက် ကျွန်တော်ဘာလုပ်ပြမယ်ဆိုတာ စောင့်ကြည့်ကြပါ။ Sanford MMA ကလပ်မှာ လေ့ကျင့်ရခြင်းရဲ့အကျိုးရလဒ်တွေပေါ့။ ကျွန်တော့်ကို အားပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်"ဟု အောင်လ ကပြောသည်။

အောင်လသည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် ကြံ့ခိုင်မှုနဲ့ ဂျူဂျစ်ဆုကစားနည်းများကို ဦးစားပေးလေ့ကျင့်ခဲ့ကြောင်း ဆိုသည်။

Inside The Matrix ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ဆိုင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ယင်းတွဲဆိုင်းများအနက် တွဲဆိုင်း လေးတွဲမှာ ကမ္ဘာ့ချန်ပီယံလုပွဲများဖြစ်ပြီး ကျန်ပွဲစဉ်နှစ်ပွဲမှာ စိန်ခေါ်ပွဲများဖြစ်သည်။

ယင်းပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်း ဖြစ်သည့် Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ 

ကောင်းခန့်