News

POST TYPE

NEWS

ပျဉ်းမနားမြို့ရှိ KTV ကို လုယက်မှုကျူးလွန်ခဲ့သူများဖမ်းမိ
26-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၆

နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ဓားထောက်ခြိမ်းခြောက်ပြီး ကျပ်ခြောက်သိန်းလုယက်သည့် အမျိုးသား သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖမ်းမိသူ သုံးဦးမှာ ပျဉ်းမနားမြို့နယ်အတွင်း မိုက်ကြေးခွဲဆက်ကြေးတောင်းယူနေသူများဖြစ်ကြပြီး စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ၎င်းတို့နေထိုင်ရာ ဘောဂဝတီရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြားများ၊ ခြောက်လုံးပြူး သေနတ်တစ်လက်တွင် ပါဝင်သော အစိတ်အပိုင်းများနှင့် ကျည်ဆံတို့ကို တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဝေယံ(ခ)ရဲမင်း (၂၉)နှစ်အပါအဝင် အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်။ 

၎င်းတို့သုံးဦးမှာ ပျဉ်းမနားနယ်မြေ တစ်ဝိုက်တွင် မိုက်ကြေးခွဲပိုက်ဆံတောင်းနေသူများဖြစ်ကြပြီး KTV ဆိုင်တစ်ဆိုင်တွင် ဓားထောက်၍ ကျပ် ခြောက်သိန်း လုယက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပျဉ်းမနားမြို့နယ်၊ ရွာကောက်‌နယ်မြေရဲစခန်းမှ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03