News

POST TYPE

NEWS

ပြည်ပလေကြောင်းခရီးစဥ် ရပ်ဆိုင်းသည့်ကာလ အောက်တိုဘာလကုန်ထိတိုးမြှင့်
25-Sep-2020


ရန်ကုန်၊စက်တင်ဘာ -၂၅

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် ပြည်ပလေကြောင်းခရီးစဥွ်များပျံသန်းပြေးဆွဲမှု ရပ်ဆိုင်းထားခြင်းကို အောက်တိုဘာလ (၃၁)ရက်နေ့ အထိ ထပ်မံတိုးမြှင့် ၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပလေကြောင်းခရီးစဥ်များ ပျံသန်းပြေးဆွဲခြင်းအား ယခင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ အထိရပ်ဆိုင်းထားရာမှ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် အောက်တိုဘာလ (၃၁)ရက်နေ့ ထိထပ်မံတိုးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါကာလအတွင်း လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများထံမှ သိရသည်။

ပြည်ပခရီးစဉ်များကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင်ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တပြေးညီ ကြေညာပေးမည် ဖြစ်ကြောင်း 
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

S-05