News

POST TYPE

NEWS

ကျောက်ဆည်မြို့မှ ဓာတ်ခွဲနမူနာများအနက် ၂၈ ခုတွင် ပိုးမတွေ့
24-Sep-2020


မန္တလေး၊ စက်တင်ဘာ ၂၄

ကျောက်ဆည်နည်းပညာတက္ကသိုလ် Faclity Quaritune စင်တာမှပေးပို့ထားသည့် ဓာတ်ခွဲ နမူနာ ၃၂ ခုအနက် ၂၈ ခုတွင် ပိုးမတွေ့​အဖြေထွက်ခဲ့သည်ဟု ကျောက်ဆည်ပြည်သူ့ဆေးရုံထံမှ သိရသည်။

တရုတ်နိုင်ငံမှပြန်လာသူ၊ရန်ကုန်နှင့်မြင်းခြံမြို့ တို့မှပြန်လာသူ စုစုပေါင်း ၂၈ ဦး၏အဖြေမှာ negative ဖြစ်ပြီး ကျန်လေးဦး၏ဓာတ်ခွဲနမူနာများမှာ စစ်ဆေးနေဆဲဖြစ်​သည်ဟု ကျောက်ဆည်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဓာတ်ခွဲနမူနာ ၃၂ ခုအနက် လေးခုသည် ဒုတိယအကြိမ် ထပ်မံစစ်ဆေးခြင်းဖြစ်သည်။ 

S-02