News

POST TYPE

NEWS

ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၏အခက်အခဲများ ဖြေရှင်းနိုင်ရန် အွန်လိုင်းဆွေးနွေးပွဲပြုလုပ်မည်
19-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၉

Covid-19 ကာလအတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲ၊ အဟန့်အတားများကို ညှိနှိုင်းပူးပေါင်းကျော်လွှားနိုင်ရန် Online Discussion ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထံမှသိရသည်။

Online Discussion ကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်း Online Discussion တွင် အခက်အခဲ၊ အဟန့်အတားများကို ညှိနှိုင်းပူးပေါင်းကျော်လွှားနိုင်ရေးဆိုင်ရာ မျှော်မှန်းချက်များ၊ အလားအလာများကို Zoom Application ကိုအသုံးပြု၍ Online Discussion ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အသင်းချုပ်၊ အသင်းဝင်တောင်သူလယ်သမားများ၊ အသင်းချုပ်၏ ဒေသကော်မတီများ၊ ဆန်စပါးစိုက်ပျိုးရေးပညာရှင်များ၊ ဆန်စပါးစိုက်ပျိုးရေး နှင့် ကန်ထရိုက်လယ်ယာဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ တောင်သူလယ်သမား အကျိုးပြုအဖွဲ့အစည်းများ၊ စက်မှုလယ်ယာဝန်ဆောင်မှုအဖွဲ့များအနေနှင့် ကြိုတင်စာရင်းပေးသွင်းပြီး ပါဝင်တက်ရောက်ဆွေးနွေးနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လိုပါက ဖုန်း ဝ၉-၅၃၉၄၁၃၈၊ ဝ၉-၉၆၈၂၈၃၄၇၇၊ ဝ၉-၄၂၁၀ဝ၀၂၀၉ နှင့် အီးမေးလ် [email protected] တို့ထံ ဆက်သွယ်စာရင်းပေးတက်ရောက်နိုင်ကြောင်း သိရသည်။     

S-07