News

POST TYPE

NEWS

စာသင်ကျောင်းများတွင် လိုအပ်နေသည့် PPE ဝတ်စုံများ Save Monywa လှူဒါန်း
15-Aug-2020


မုံရွာ၊ ဩဂုတ် ၁၅

ကိုဗစ်ကာလတွင် အထက်တန်းအဆင့်များပြန်ဖွင့်ပြီးနောက် အလယ်တန်းနှင့်မူလတန်းကျောင်းများ ပြန်ဖွင့်ပါက အသုံးပြုနိုင်ရန် PPE ဝတ်စုံ တစ်ရာကျော်ကို Save Monywa အဖွဲ့က လှူဒါန်းပေးခဲ့သည်။

မုံရွာမြို့နယ်၊ဘုတလင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့ရှိ အလယ်တန်းနှင့် မူလတန်းကျောင်းများအတွက်PPE ဝတ်စုံ နှစ်စုံစီလှူဒါန်းပေးလျက်ရှိကြောင်း Save Monywa အဖွဲ့ထံ မှသိရသည်။

"လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက အလယ်တန်းနဲ့မူလတန်းကျောင်းတွေမှာလိုအပ်နေတဲ့ PPE ဝတ်စုံ နှစ်စုံစီလှူဒါန်းပေးနေတာပါ၊ အလှူရှင်တွေ လှူဒါန်းထားတာတွေကို လိုအပ်တဲ့ကျောင်းတွေမှာ ပြန်လှူပေးတာပါ"ဟု Save Monywa မှဦးအောင်နေမျိုးက ပြောကြားသည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားသော ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုကြောင့် နှစ်စသ် ဇွန်လတွင် စဖွင့်သည့် အခြေခံပညာကျောင်းများပုံမှန်မဖွင့်နိုင်ဘဲ အထက်တန်းကျောင်းများကိုသာ ဇူလိုင် ၂၁ နေ့က ပြန်ဖွင့်ပြီးသည့်နောက် သုံးပတ်အကြာတွင် အလယ်တန်းကျောင်းများဖွင့်နိုင်ပြီဟု သိရကြောင်း၊ လက်ရှိ တွင် ပညာရေးဌာနမှ ကျောင်းသားဦးရေအလိုက်ထောက်ပံ့သည့် နှာခေါင်းစည်းနှင့် မျက်နှာကာဘာများ လက်ခံရရှိထားပြီး Save Monywa မှလှူဒါန်းသည့် PPE ဝတ်စုံနှစ်စုံလည်းလက်ခံရရှိထားသည်ဟု ဘုတလင်မြို့နယ် လက်ပံမြောက်ရွာအလယ်တန်းကျောင်းအုပ် ဦးအောင်ကျော်စိုးက ပြောကြားသည်။

R-08