News

POST TYPE

NEWS

တရုတ်သို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများသင်တန်းပေး
15-Aug-2020
ရန်ကုန်၊ ဩဂုတ် ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း/ စည်းမျဉ်းစည်းကမ်းများဆိုင်ရာ သင်တန်းအမှတ်စဉ် ၁ ကို ဩဂုတ်လ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဉီးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ဝါးတန်းကုန်စည်ဒိုင်) တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ MITS၊ CCIC နှင့် Technical Working Group မွ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန္ကြဲ တင်ပို့ခွင့်ရ ကုမ္ပဏီ ၄၃ ခုမွ သင်တန်းသား ၁၀၈ ဦးတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပြုံးပြုံးကြည်၊ စားသုံးသူရေးရာ ဦးစီးဌာနမွ ဒုတိယညွှန်ကြားရေးမှူး ဉီးကျော်ငွေ၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) မွ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ကြည်ကြည်၊ CCIC မွ Country Head နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းတိုက်စိုးတို့က ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၏ သက်ဆိုင်ရာကဏ္႑အလိုက် သင်တန်းပို့ချ ဆွေးနွေးပေးခဲ့ကြကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

S-07