News

POST TYPE

NEWS

JICA က ကိုဗစ်ကာလ MSMEs လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲ ကျင်းပမည်
12-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၂

Japan International Cooperation Agency (JICA) က ကိုဗစ်ကာလ MSMEs လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးနှင့် JICA JICA SME Two Steps Loan လျှောက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ အသိပညာပေးရေးတို့အတွက် အွန်လိုင်းဆွေးနွေးပွဲကို မကြာမီကျင်းပမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

JICA ရန်ကုန်ရုံးခွဲမှ ကိုယ်စားလှယ် Mr.SANO Yuji နှင့် အဖွဲ့ဝင်တစ်ဦးတို့သည် သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အသင်းချုပ်သို့လာရောက်၍ အသင်းချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ COVID-19 အကျပ်အတည်းကာလ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် JICA က ပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါကာလ MSMEs လုပ်ငန်းများထိခိုက်မှုမှ ပြန်လည်နလံထူ၍ ရေရှည်ဖွံဖြိုးတိုးတက်သည့် လုပ်ငန်းများအဖြစ် ထူထောင်နိုင်ရန်အတွက် JICA က သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းမှဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်မည်ဖြစ်သည်။

ယင်းအွန်လိုင်းဆွေးနွေးပွဲတွင် MSMEs လုပ်ငန်းများအတွက် အသုံးဝင်မည့် စီမံခန့်ခွဲမှုနည်းလမ်းများ၊ နည်းဗျူဟာများနှင့် သတင်းအချက်အလက်များပံ့ပိုးပေးခြင်း၊ JICA SME Two Steps Loan လျှောက်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များကို အသိပညာပေးခြင်းတို့ဖြင့် ပါဝင်ဆွေးနွေးပေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို စက်တင်ဘာလတွင် နှစ်ရက်ကြာကျင်းပမည်ဖြစ်ကာ မြန်မာဘာသာဖြင့် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကုန်သည်စက်မှုအသင်းချုပ်က ယင်းဆွေးနွေးပွဲတွင် ပံ့ပိုးပါဝင်ပေးရမည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

S-07