News

POST TYPE

NEWS

Grab ၏ SupportLocal အစီအစဉ်ဖြင့် စားသောက်ဆိုင်ငယ်များကို ကူညီပံ့ပိုး
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၀ 

GrabFood အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုဖြင့် ရန်ကုန် မြို့နေ လူမှုအသိုင်းအဝိုင်းတွင် တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်လေးများနှင့် မုန့်ဆိုင်ငယ် ၇၀ ကျော်ထံမှ အစား အသောက်များ ဝယ်ယူအားပေးရန် လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဝန်ဆောင်မှု လုပ်ငန်းထံမှ သိရသည်။

SupportLocal အစီအစဉ်ကို မေလမှ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့ပြီးပါဝင်ခဲ့သည့် GrabFood မိတ်ဖက် စားသောက်ဆိုင်များအတွက် ကူညီပေးခဲ့ပြီး SupportLocal အစီအစဉ်သည် ၎င်းတို့၏ လုပ်ငန်းများ ယနေ့အချိန်အထိ ဆက်လက်လည်ပတ်နိုင်ခဲ့ပြီး အကျပ်အတည်းကာလအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

SupportLocal အစီအစဉ်တွင် ပါဝင်ခဲ့သော မိတ်ဖက်စားသောက်ဆိုင် များကို GrabFood အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုဖြင့် အော်ဒါ များပို့ဆောင်ပေးနိုင်ရန် လစဉ် ပျမ်းမျှ ရောင်းအား ၅၀၀,ဝ၀၀ ကျပ်အောက်သာ ရရှိပြီး လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိဘဲ တစ်နိုင် တစ်ပိုင် ရပ်တည်နေသည့် စားသောက်ဆိုင် (သို့မဟုတ်) မုန့်ဆိုင်ငယ်တစ်ဆိုင် ဖြစ်ရမည်ဟူသော စံသတ်မှတ်ချက် နှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်၏ ကနဦးလှုပ်ရှားမှု များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Grab ၏ အသေးစားလုပ်ငန်း အရောင်း မြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ်တွင် မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ပူးပေါင်းပါဝင် ခဲ့သော မိတ်ဖက်စားသောက်ဆိုင်များက ရောင်းချသော အစားအသောက်အမျိုး အစား အားလုံးကို ၂၀ ရာခိုင်နှုန်း အထူး လျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab က ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။ 

J-03