News

POST TYPE

NEWS

၀န်းသိုတွင် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသားတစ်ဦး ကြိုးဆွဲချ သေဆုံး
10-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် သြဂုတ်လ ၉ ရက်နေ့က တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးခဲ့သူ အသက် ၁၈ နှစ်အရွယ် လူငယ်မှာ ၎င်းနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ကြသော သူငယ်ချင်းများ စာမေးပွဲအောင်မြင်ခဲ့ကြသဖြင့် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေကြောင်းကြံစည်ခဲ့သည်။

အဆိုပါ သေဆုံးခဲ့သည့် လူငယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ၂ နှစ်ဆက်တိုက် ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်ကို သေမှုသေခင်းဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၉၁,၇၉၅ ဦး အောင်မြင်ကာ စာမေးပွဲကျရှုံးသူ ၆၁၈,၄၃၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

S-03