News

POST TYPE

NEWS

The First Myanmar Online Expo ကျင်းပမည်
10-Aug-2020
ရန်ကုန်၊ သြဂုတ် ၉ 

BaganMart.com က စီစဉ်ကျင်းပမည့် The First Myanmar Online Expo 2020 ကို သြဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

Covid-19 ကြောင့် ပြပွဲများ ရပ်နားထားရချိန်၊ လုပ်ငန်းများရောင်းဝယ်မှု နှေးကွေးနေချိန်တွင် အွန်လိုင်းကိုအသုံးချ၍ လုပ်ငန်းများပုံမှန်ပြန်လည် လည်ပတ်လာစေရန်နှင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းအလေ့အထများ ပိုမိုရရှိလာပြီး အွန်လိုင်းကို Leverage Power အဖြစ်အသုံးချနိုင်ရန်  ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Online Expo ကို ပြင်ပ Expo နှင့် အနီးစပ်ဆုံးတူအောင်ဖန်တီးထားပြီး ပြခန်းပေါင်းများစွာလည်း ပါဝင်မည်ဖြစ်ကာ ဟောပြောပွဲများ၊ Lucky Draw အစီအစဉ်များ၊ ပရိုမိုးရှင်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း BaganMart.com ထံမှသိရသည်။

ထို့ပြင် Live ဗီဒီယိုများနှင့် ရောင်းချခြင်းများလည်း ပါဝင်မည်ဖြစ်ပြီး Live အော်ဒါမှာယူနိုင်မည်ဖြစ်ကာ အွန်လိုင်းပြပွဲသည် ပုံမှန်ပြပွဲထက် ကုန်ကျစရိတ်သက်သာခြင်း၊ Live ဗီဒီယိုများနှင့် Customers များကို တိုက်ရိုက်ရောင်းချနိုင်ခြင်း၊ ပြပွဲပြီးဆုံးသော်လည်း အွန်လိုင်းမှ ဆက်လက်ရောင်းချနိုင်ခြင်း စသည့်ကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

S-07