News

POST TYPE

NEWS

စံချိန်တင်ရွှေဈေး ဆက်လက်မြင့်တက်
06-Aug-2020


ရန်ကုန်၊ သြဂုတ် ၆

ကမ္ဘာ့ရွှေဈေး မြင့်တက်လာသည့်အတွက် သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်း ရွှေဈေးများအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၃၂၀,၅၀၀ ပေါက်ဈေးရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

“ကမ္ဘာရွှေဈေးတက်လို့ ပြည်တွင်းရွှေဈေးလိုက်တက်တာပါ။ ပြည်တွင်းဒေါ်လာငွေလဲနှုန်းကတော့ ကျတယ်။ ဈေးကောင်းတော့ အကုန်လုံးလာပြန်ရောင်းကြတာ များတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

သြဂုတ် ၆ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,ဝ၄၁ ပေါက်ဈေးရှိပြီး ပြည်တွင်းဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာကို ၁,၃၇၄ ကျပ် ပေါက်ဈေးရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၀၀,ဝ၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးသည်။

ရွှေဈေးများ ကျပ် ၁,၃၀၀,ဝ၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေသော်လည်း ရွှေဈေးကွက်အတွင်းတွင် အရောင်းအဝယ်မှာ အေးစက်လျက်ရှိပြီး ရွှေစုဆောင်းထားသူများက ရွှေဈေးတက်ချိန်တွင် ပြန်ရောင်းကြသည်များသာရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

S-07