News

POST TYPE

NEWS

ဆာနေးကိုခေါ်ယူခဲ့ပြီးနောက် အဓိကအပြောင်းအရွှေ့များ ဆက်လက်လုပ်ဆောင်ရန် မလွယ်တော့ဟု အူလီဟိုးနက်စ်ဝန်ခံ
05-Aug-2020
မြူးနစ် ၊ ဩဂုတ် ၄

ဘိုင်ယန်မြူးနစ်အသင်းအနေနှင့် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူမည်မဟုတ်သလို  အဓိကကျသည့် အပြောင်းအရွှေ့များကို လုပ်ဆောင်ရန်မရှိတော့ဟု အသင်းအမှုဆောင်ချုပ် အူလီဟိုးနက်စ်ကပြောဆိုခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

အသက် ၂၁ နှစ်အရွယ်ကိုင်ဟာ ဗက်ဇ်ကိုချဲလ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့ စိတ်ဝင်စားခဲ့ကြသော်လည်း အဆိုပါပြိုင်ဆိုင်မှုမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အူလီဟိုးနက်စ်က အသိပေးခဲ့သည်။ 



အစောပိုင်းသတင်းများအရ ဘိုင်ယန်မြူးနစ်အသင်းသည် ကိုင်ဟာဗက်ဇ်အား ခေါ်ယူရန်အတွက် အခြေခံသဘောတူညီချက်များကို ရယူထားပြီးဖြစ်ကြောင်း သိရသည်။ 

သို့သော် ဆာနေးအား ခေါ်ယူထားပြီး ဖြစ်သောကြောင့် နောက်ထပ်အဓိကကျသည့် ခေါ်ယူမှုလုပ်ရန်အတွက် အသင်းရှိ ကစားသမားနှစ်ဦးခန့်ကို ရောင်းချပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု အူလီဟိုးနက်စ်က ဆိုခဲ့သည်။ 

“ဆာနေးပြီးတဲ့နောက်မှာ ဒီနှစ်အတွက် အဓိကကျတဲ့နောက်ထပ်ခေါ်ယူ မှုတွေ မရှိနိုင်တော့ဘူးလို့ အသေအချာ ပြောရဲပါတယ်။ ဒါက ကိုင်ဟာဗက်ဇ်ရဲ့ အရည်အသွေးနဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့အားလုံးက သူ့ကိုကစားသမားကောင်း အဖြစ်မြင်ကြပါတယ်။ ကိုရိုနာဖြစ်ပွားခဲ့တဲ့ နောက် ယူရိုသန်း ၅၀ နီးပါးရှိတဲ့အပြောင်း အရွှေ့တစ်ခုကို လုပ်ဆောင်ပြီးဖြစ်တာကြောင့် အခုလိုကာလမှာနောက်ထပ် ယူရိုသန်း ၇၀ ကနေ ၈၀ ကြားရှိတဲ့ အပြောင်းအရွှေ့အတွက်ဆိုရင်တော့ ကစားသမားရောင်းချရာကနေ ငွေကြေးရရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်”ဟု အူလီဟိုးနက်စ် ကပြောဆိုခဲ့သည်။

ငြိမ်းပြည့်