News

POST TYPE

NEWS

ရာစုနှစ်အတွင်း လိဂ်သွင်းဂိုးပါဝင်ပတ်သက်မှုအကြိမ် ၁၀ဝ ပြည့်သည့် စတုတ္ထမြောက် လီဗာပူးကစားသမားအဖြစ် ဆာလက် မှတ်တမ်းဝင်
10-Jul-2020


လီဗာပူး၊ ဇူလိုင် ၉

ဘရိုက်တန်နှင့်ပွဲစဉ်တွင် လီဗာပူးအတွက် ၂ ဂိုးသွင်းနိုင်ခဲ့သည့် ဆာလက်သည် အသင်းနှင့်အတူဂန္တဝင်မြောက်မှတ်တမ်းတစ်ခုကို ရရှိခဲ့ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

အီဂျစ်တိုက်စစ်မှူးသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့နောက်ပိုင်း အသင်းအတွက်အဝေးကွင်းပွဲစဉ်တွင် ပထမဆုံးအကြိမ်အဖြစ် ၂ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆာလက်အနေနှင့်လီဗာပူးအတွက် ပရီးမီးယားလိဂ် ၁၀၄ ပွဲ ဝင်ရောက်ကစားခဲ့ရာတွင် သွင်းဂိုး ၇၃ ဂိုးနှင့် ဖန်တီးမှု ၂၇ ကြိမ်လုပ်ထားနိုင်ပြီး ဂိုးပါဝင်ပတ်သက်မှု ၁၀ဝ ပြည့်ခဲ့ခြင်းဖြစ်သည်။ 

ရာစုနှစ်အတွင်း လီဗာပူးအသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ၁၀ဝ ပြည့်ခဲ့သူများအဖြစ် စတီဗင်ဂျရတ်၊ ရော်ဘီဖောင်လာနှင့် မိုက်ကယ်အိုဝင်တို့သာရှိပြီး ဆာလက်ကစတုတ္ထမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ဂန္တဝင်မှတ်တမ်းတစ်ခုရယူနိုင်ခဲ့ခြင်း နှင့်ပတ်သတ်၍ ၎င်းက “ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီကိုရောက်လာပြီးကတည်းက နံပါတ်ကောင်းတွေ ရရှိထားတယ်လို့တော့ထင်ပါတယ်။ ကျွန်တော့်ဘက်ကတော့ ဒါကို အကောင်းလုပ်နိုင်တယ်လို့ပဲယူဆပါတယ်”ဟုဆိုခဲ့သည်။ 

ရာစုနှစ်အတွင်း လီဗာပူးအသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုအများဆုံး လုပ်ထားနိုင်သူမှာ ကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်ဖြစ်ပြီး ၂၁၂ ဂိုးအထိရှိနေသည်။                

ငြိမ်းပြည့်