News

POST TYPE

NEWS

လက်လီဆန်အရောင်းဆိုင်များမှတစ်ဆင့် ဆန်တစ်ပြည်လျှင် ၁၁၀၀ ကျပ်ထက်မပိုဘဲ ရောင်းချမည်
08-Jul-2020
ရန်ကုန်၊ ဇူလိုင် ၈

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လက်လီဆန်အရောင်းဆိုင်များမှတစ်ဆင့် ဆန်တစ်ပြည်လျှင် ၁,၁၀၀ ကျပ်ထက်မပိုစေဘဲ လိုက်လံရောင်းချပေးမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

COVID-19 ဖြစ်ပေါ်နေချိန်ကာလတွင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်ရေး၊ တောင်သူလယ်သမားများ စပါးပေါ်ချိန်ဝင်ငွေ မကျဆင်းစေရေးနှင့် ပို့ကုန်လုပ်ငန်း ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပသို့ဆန်။ ဆန်ကွဲများတင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော်၏အရန်ရိက္ခာဆန်အဖြစ် မေလဆန်းမှစတင်၍ ဝယ်ယူသိုလှောင်ထားခြင်းဖြစ်သည်။

ထိုသို့ဝယ်ယူထားသည့် ရိက္ခာဆန်များကို ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၂ယ၈၀၀ ကျပ်နှုန်းဖြင့် မှတ်ပုံတင်အဆိုပြုလာသည့် လက်လီဆိုင်များကိုတစ်ကြိမ်လျှင် အိတ်ရေ ၂၀၀ အထိ အများဆုံးထား၍ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အဆိုပါလက်လီဆန်ဆိုင်များအနေနှင့် ဒေသကိုလိုက်၍ ဆန်တစ်ပြည်လျှင် ၁,ဝ၀၀ ကျပ်၊ ၁,ဝ၅၀ ကျပ်၊ ၁,၁၀၀ ကျပ်တို့ထက် မပိုစေဘဲ စားသုံးသူပြည်သူလူထုထံသို့ ပြန်လည်ရောင်းချပေးရန်ဖြစ်ပြီး စက်မှုဇုန်များရှိ အလုပ်သမားအရေအတွက်များသည့် စက်ရုံများသို့လည်း အလုပ်သမားမိသားစုများအတွက် ရောင်းချပေးရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းရောင်းချမှုများကို စနစ်တကျဖြစ်စေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး။ ပြည်နယ်။ ခရိုင်။ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနများက စစ်ဆေးကြီးကြပ်သွားမည်ဖြစ်ကာ ဆန်ဝယ်ယူလိုသည့် လက်လီဆန်အရောင်းဆိုင်များနှင့် အလုပ်သမားများအတွက် ဝယ်ယူလိုသည့် စက်ရုံများအနေနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဖုန်း ဝ၉-၆၉၄၃၈၆၉၉၄၊ ဝ၉-၆၉၄၃၈၆၉၉၅ နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဖုန်း ဝ၉-၆၉၄၃၈၆၉၉၆ တို့ထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

S-07