News

POST TYPE

NEWS

ကျောက်မျက်လုပ်ငန်းအများစု အွန်လိုင်းစနစ်သို့ ဈေးကွက်ပြောင်းလဲ
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၆

ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလအတွင်း ကျောက်မျက်ဈေးကွက်အများစု မှာ အွန်လိုင်းစနစ်သို့ ပြောင်းလဲလာကြောင်း ကျောက်မျက်ရောင်းချသူအချို့ ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ ကျောက်မျက် ဈေးကွက်သည် ကျောက်မျက်အရောင်း ပြပွဲများ၊ ကျောက်ဝိုင်းများတွင်သာ အဓိက ရောင်းချရာမှ လက်ရှိတွင် အွန်လိုင်းမှ တစ်ဆင့်ပြသသည့်စနစ်ဖြင့် ဈေးကွက် ပြောင်းလဲမှုများရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံ မှ သိရသည်။

“အဓိကက နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်ချင်တဲ့အတွက် အွန်လိုင်းဈေး ကွက်ကို ပြောင်းလဲလာတာ” ဟု Jewel Empress ကျောက်မျက်ရတနာဆိုင်မှ ဒါရိုက်တာ ဒေါ်သီရိမောင်မောင်က ပြောဆိုသည်။

လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ပြည်တွင်းထွက် ကျောက်မျက်များဖြစ်သည့် ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား အစ ရှိသည့် ကျောက်များကို ရောင်းချခြင်းဖြစ်ပြီး အချောထည်ကျောက်များကို အဓိကရောင်းချခြင်းဖြစ်သည်။

အွန်လိုင်းဈေးကွက်တွင် အချော ထည်ကျောက်များ ရောင်းဝယ်ရာ၌ အခက်အခဲမရှိသော်လည်း အရိုင်းတုံးများနှင့် လေလံကျောက်များ ရောင်းချရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး ကိုယ်ပိုင် အမြင်ဖြင့် ဝယ်ယူနိုင်သည့်ဈေးကွက် ပြန်လည်စတင်နိုင်မှသာ ကောင်းမွန်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းထွက် ကျောက်မျက်ရတနာ အချောထည်ဈေးကွက်ကို အရောင်းဆိုင်များဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Myanmar Gems Trade Center တွင် ဖွင့်လှစ်ရန် ဆောက်လုပ်လျက်ရှိပြီး အခန်းပေါင်း ၁၂၀ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကျောက်မျက်တူး ဖော်ရေးလုပ်ငန်းများသည် မိုးရာသီ အကြိုကာလတွင် တူးဖော်မှုကို အဓိကပြု လုပ်သည့်အတွက် Covid-19 ကြောင့် မတ်၊ ဧပြီ၊ မေလတို့တွင် လုပ်ငန်းများ ရပ်နားရမှုသည် ကျောက်မျက်တူးဖော်ရေးအတွက် ထိခိုက်မှုများပြားခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

J-03