News

POST TYPE

NEWS

လိင်အမြတ်ထုတ် ကျူးလွန်မှုဖြင့် ရဲမှူးချုပ် ဇော်မိုးသန်းကို ထောင်ဒဏ်အမိန့်ချမှတ်
05-Jul-2020
ရန်ကုန်၊ ဇူလိုင် ၄

ရဲမေများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံရသူ ရဲမှူးချုပ် ဇော်မိုးသန်းကို ဇူလိုင် ၃ ရက်နေ့က ထောင်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟထံမှ သိရသည်။

“ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ်အမိန့်ချလိုက်တာပါ။ ပြစ်ဒဏ်ဘယ်လောက်ကျလဲ ဆိုတာတော့ လတ်တလော မသိရသေးဘူး” ဟု ရဲမှူးကြီး ကျော်သီဟက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲရာထူး ခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းမှာ ရဲမေ များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည်ဟု စွပ်စွဲခံရပြီးနောက် ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရဲတရား ရုံးမှ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ ရာထူးမှ ထုတ်ပယ်၍ ထောင်ဒဏ်ကျခံစေ ရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ရမည်းသင်း အကျဉ်းထောင်သို့ လွှဲအပ်လိုက်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ပြစ်ဒဏ်ကျခံရသူ ရဲမှူးချုပ်ဇော်မိုး သန်းမှာ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရာထူးတာဝန်မှ ရဲရာထူးခန့်ချုပ် ရာထူး တာဝန်သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်သူ ဒုဗိုလ်ချုပ် ကြီးစိုးထွဋ် လက်ထက်တွင် ရဲမှူးချုပ် ဇော်မိုးသန်း အပါအဝင် ရထားရဲတပ်ဖွဲ့မှ ရဲမှူးချုပ် မိုးသူအောင်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ဇော်ခင်အောင်တို့ကို ရာထူးမှ ထုတ်ပယ်ပြီး အရေးယူမှုများ ဆောင်ရွက်ခဲ့သည်။

S-03