News

POST TYPE

NEWS

ကျရောက်သည့် ဖျက်ပိုးအမျိုးအစားအလိုက် အသိပေးရန် စာထုတ်
04-Jul-2020


ရန်ကုန်၊ ဇူလိုင် ၄

မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသည့် နှံကောင် သိပ္ပံအမည် Aularches miliaris (Linnaeus,1758) ဟု ခေါ်တွင်သည့် အဝါစက်ပြောက်နှံကောင် သို့မဟုတ် ကော်ဖီနှံကောင်နှင့်ပတ်သက်၍ ကျရောက်လာသည့် ဖျက်ပိုးအမျိုးအစားများအလိုက် စိုက်ပျိုးရေ းဦးစီးဌာနသို့ သတိပေးရန် ယင်းဌာနက အသိပေးချက် ထုတ်ပြန်သည်။

ယင်းနှံကောင်သည် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် ကျရောက်လေ့ရှိသည့် ကန္တာရကျိုင်းကောင် အမျိုးအစားမဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ (သဖန်းဆိပ်ကျေးရွာ)၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် (မော်ရုံကျေးရွာ) နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် (ဝက်ရုပ်ကျေးရွာ) တို့တွင် ကျရောက်နေခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ၂၀၂၀ ပြည့်နှစ် မေလအတွင်း သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်လည်း ကျရောက်လျက်ရှိပြီး ပုံမှန်ရာသီဥတု အခြေအနေများတွင် တစ်ဟုန်ထိုးပွားများကျရောက်မှု ဖြစ်ပွားနိုင်ခြင်းမရှိသည့် ဖျက်ပိုးအမျိုးအစားဖြစ်ကာ မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ်က ကျရောက်ခဲ့သည်ဟု တွေ့ရှိရကြောင်း စိုက်ပျိုးရေး ဦးစီးဌာနထံမွ သိရသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် စိုးရိမ်စွာဖော်ပြနေကြသည့် ကန္တာရကျိုင်းကောင်ကိစ္စနှင့်ပတ်သက်၍ သီးနှံကာကွယ်ရေးဌာနမှ ပညာရှင်များက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနှင့် ဟုမ္မလင်းဒေသများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကန္တာရကျိုင်း အမျိုးအစားမဟုတ်ကြောင်း၊ ဒေသတွင် နဂိုရှိပြီးအမျိုးအစားဖြစ်ကာ ဖျက်ဆီးမှုမရှိကြောင်း၊ ကန္တာရကျိုင်း (နှံကောင်) နှင့်ပတ်သက်၍ အထူးသတိထားစောင့်ကြည့်ခြင်း၊ ခွဲခြားသိမြင်နိုင်ရေးအတွက် ခွဲခြားနည်းများကို ရှင်းလင်းအသိပေးထားပြီးဖြစ်ကြာင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွေက်ာ္က ပြောကြားသည်။

အဆိုပါနှံကောင်ဖျက်ပိုးသည် အုန်းပင်၊ ကျွန်းပင်တို့တွင် အဓိကကျရောက်လေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲလာပြီး အစာရေစာရှားပါးချိန်တွင် သရက်၊ ကွမ်းသီးပင်၊ ကော်ဖီ၊ မာလကာ၊ စပါး၊ ပဲစဉ်းငုံ၊ ကြံ၊ ငရုတ်၊ ဂုန်လျှော်၊ ရာဘာ၊ ကြက်ဆူ၊ ဒူးရင်း၊ ပြောင်း၊ ဝါ၊ ပီလောပီနံ၊ နှံစားပြောင်း၊ ထန်းပင်နှင့် အခြားသီးနှံများတွင်လည်းကျရောက်တတ်ပြီး အရွက်၊ အဖူး၊ အညွန့်၊ အသီးမ်ား အပင်၏ကြီးထွားသည့် အစိတ်အပိုင်းများအားလုံး စားသောက်ဖျက်ဆီးတတ်ကာ သက်တမ်းမှာ ၁၃-၁၅ လခန့်ကြာမြင့်တတ်ကြောင်း ယင်းဦးစီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံတွင် လတ္တေလာ ကော်ဖီနှံကောင် ကျရောက်မှုအပေါ်တွင် ပြည်သူများစိုးရိမ်နေကြသဖြင့် ကမ်ဘာ့နိုင်ငံအသီးသီးတွင် ကျရောက်နေမှုအခြေအနေများ၊ ဖျက်ပိုးနှိမ်နင်းနည်းများနှင့် စောင့်ကြည့်ရမည့်အချက်များကို သိရှိနိုင်ရန် ကျရောက်လာသည့် ဖျက်ပိုးအမျိုးအစားများအလိုက် သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနမ်ားသို့ အသိပေးရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

S-07