News

POST TYPE

NEWS

ချေး​ငွေများကို ကိုယ်​ကျိုးသုံးခဲ့​သော ​ကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌကို တရားစွဲ
03-Jul-2020
တိုက်ကြီး၊ ဇူလိုင်​ ၂

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာသမဝါယမ အသင်းစုဥက္ကဋ္ဌတစ်ဦးအား မြို့နယ်​သမဝါယမအသင်းမှ တရားစွဲဆိုထားကြောင်း ကတိုင်စိန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆင်ခြံကျေးရွာအုပ်စုရှိ ရွှေအောင်မြေ မွေး/ထွေ သမဝါယမအသင်းဥက္ကဋ္ဌ ဦးမောင်လှိုင်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမညွန်ကြားရေးမှူးချုပ်ရုံး၏ အစီအစဉ်ဖြင့် ကျပ်သိန်းတစ်ရာကျော် (၁၀၃ သိန်းကျော်)ကို စာချုပ်ဖြင့်ချေးငှားပြီး အပြည့်အဝပြန်မပေးသည့်အတွက် တရားစွဲဆိုခြင်းဖြစ်​ကြောင်း တိုက်ကြီးမြို့နယ်သမဝါယမအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စာရင်းစစ်​​ဆေး​ရေးအစီရင်​ခံစာအရ ​ပေးဆပ်​ရန်​​ငွေမှာ ကျပ်​ ၁၁၄ သိန်းကျော် (၁၁၄,၆၃၀၆၀) ဖြစ်​ပြီး ပေးဆပ်​ထား​ငွေမှာ ကျပ်​သိန်း ၃၀ ကျော် (၃၁၃,၄၂၂,၆) သာ​ပေးဆပ်​ပြီ အသင်းသား ၈၂ ဦးရှိသည့် အနက်​အသင်း​သား ၇ ဦးထံတွင်​ ကျန်ငွေ ကျပ်​ ၁၄ သိန်းကျော် (၁၄၀,၃၅၀,ဝ) သာ ကျန်​ရှိတော့ကြောင်း၊ မြို့နယ်​အသင်းသို့​ပေးဆပ်​ရန်​ကျန်​ငွေများကို အသင်းသားများမှ​ပေးဆပ်​ပြီးဖြစ်​​သော်​လည်း အသင်းသို့မဆပ်​ဘဲ ကိုယ်ကျိုးအတွက်အသုံးပြုခဲ့သည့်အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။ 

အသင်းချေးငွေများမပေးဆောင်မူနှင့်ပတ်သက်၍ မွတ်​သား​ကျေးရွာမှ ဦးမောင်လှိုင်ကိုကို တိုင်စိန်နယ်မြေရဲစခန်းမှ (ပ)၃၆/၂၀၂၀၊ ရာဇာသတ်ကြီးပုဒ်မ ၄၀၉  ဖြင့် အမှုဖွင့်ပေးထားကြောင်း၊ ၎င်းမှာ ထွက်​​ပြေးတိမ်းရှောင်နေသည့်အတွက် စုံစမ်းရှာဖွေနေကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-06