News

POST TYPE

NEWS

ဟောင်ကောင်ပြည်သူများအတွက် နိုင်ငံသားဖြစ်ခွင့် ဗြိတိန်ကမ်းလှမ်း
03-Jul-2020


လန်ဒန်၊ ဇူလိုင် ၂

လူဦးရေသုံးသန်းအထိရှိသော ဟောင်ကောင်ဒေသခံများကို ဗြိတိန်တွင် လာရောက်အခြေချခွင့်၊ နိုင်ငံသားလျှောက်ထားခွင့် ဗြိတိန်က ကမ်းလှမ်းလိုက်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အတည်ပြုထားသည်။

ဟောင်ကောင်၏ လွတ်လပ်ခွင့်များကို လုံခြုံရေးဥပဒေသစ်ဖြင့် ကန့်သတ်ကာ အဆိုပါ လွတ်လပ်ခွင့်ပိတ်ပင်ခံစားရသူများ ဗြိတိန်သို့လာရောက်ခွင့် လမ်းဖွင့်ပေးခဲ့သည်။ 

ဗြိတိန်၏ ရေခြားမြေခြား နိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်ထားသူ သုံးသိန်းခွဲခန့်နှင့် ဗြိတိန်သို့လာခွင့်ရှိသူ ၂ ဒသမ ၆ သန်းတို့ ငါးနှစ်ကြာ ဗြိတိန်သို့လာရောက်ခွင့် ပြုထားခြင်းဖြစ်သည်။

ဟောင်ကောင်မှ ဗြိတိန်သို့လာရောက်ကြသူများ နောက်တစ်နှစ်ကြာသည့်အခါ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိမည်ဖြစ်သည်။ 

ဟောင်ကောင်ရှိ ဗြိတိန်၏ ရပ်ဝေးမြေခြား နိုင်ငံသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို အထူးအနေအထား တစ်ရပ်အဖြစ် ၁၉၈၀ တွင် ပေးထားခဲ့သည်။

ယခုအခါ ၎င်းတို့ကို ဗြိတိန်သို့ ခြောက်လကြာ ဗီဇာကင်းမဲ့ဝင်ခွင့်အဖြစ်  သတ်မှတ်ခွင့်ပြုပေးထားလျက် ရှိသည်။ 

အစိုးရ၏ အစီအစဉ်အရ ရပ်ဝေးမြေခြားနိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဗြိတိန်တွင် ငါးနှစ်ကြာလာရောက် အလုပ်လုပ်ခွင့်၊ ပညာသင်ယူခွင့်ရမည်ဖြစ်သည်။ 

တစ်နှစ်ကြာအောင်နေပြီးလျှင်  နိုင်ငံသားဖြစ်ခွင့်လည်း လျှောက်ထားခွင့်ရရှိမည့် အစီအစဉ်ကို ဟောင်ကောင်သားများအား ပေးအပ်ခြင်းဖြစ်သည်။ 

တရုတ်က ဟောင်ကောင်၏ အချုပ်အခြာကို ၁၉၉၇ တွင်ရယူလိုက်ပြီးနောက် နှစ်ငါးဆယ်ကြာ ဟောင်ကောင်ကို လူမှု လွတ်လပ်ခွင့်များ ပေးထားရမည်ဟူသော ၁၉၈၀ တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ကို ယခုလုံခြုံရေးဥပဒေဖြင့် ချိုးဖောက် လိုက်ခြင်းဖြစ်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကဆိုသည်။ 

"ဟောင်ကောင်တွင် လုံခြုံရေးဥပဒေပြဋ္ဌာန်းလိုက်ခြင်းဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပူးတွဲကြေညာချက်က အကာအကွယ်ပေးထားတဲ့ လွတ်လပ်ခွင့်များကို ခြိမ်းခြောက်တာဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။    

F-02