News

POST TYPE

NEWS

ဆာနေး၏နေရာတွင် ဂျက်ဂရီလစ်ရှ်နှင့် အစားထိုးရန် မန်စီးတီးအသင်း ပစ်မှတ်ထား
01-Jul-2020


မန်ချက်စတာ၊ ဇွန် ၃၀

မန်စီးတီးအသင်းသည် အက်စတွန် ဗီလာအသင်း ခေါင်းဆောင်ဂျက်ဂရီလစ်ရှ်အား မြို့ခံပြိုင် မန်ယူနှင့်အပြိုင်ခေါ်ယူရန် ချိန်ရွယ်လာပြီဟု The Telegraph က ဖော်ပြခဲ့သည်။ 

လက်ရှိတွင်ဂျက်ဂရီလစ်ရှ်၏ အက်စတွန်ဗီလာအသင်းမှာ တန်းဆင်းအန္တရာယ် နှင့်ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်တွင် ဆက်လက်ရပ်တည်နိုင်ခြင်းမရှိပါက ဗီလာအသင်းအနေနှင့် ၎င်းအားရောင်းချသွားရန် ရှိနေသည်။ 

မန်စီးတီးသည် တောင်ပံကစားသမားဆာနေးကို ဆုံးရှုံးရန် အနီးစပ်ဆုံးဖြစ်နေပြီး ဂျာမနီကွင်းလယ်လူအနေနှင့် ဘိုင်ယန်သို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ပါက ဂျက်ဂရီလစ်ရှ်ကိုအစားထိုးခေါ်ယူမည်ဖြစ်သည်။ 

ဆာနေးသည် မန်စီးတီးနှင့်စာချုပ် သက်တမ်း ၁၂ လသာကျန်ရှိသူဖြစ်ပြီး စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူ ဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းဘက်မှ ဆာနေးကို ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် ခေါ်ယူရန် အခြေအနေကောင်းသောကြောင့် မန်စီးတီးအသင်းဘက်မှအစား ထိုးမှုတစ်ခု မဖြစ်မနေပြုလုပ်ရမည်ဖြစ်သလို ဂျက်ဂရီလစ်ရှ်အပြင် လေဗာကူဆင် တောင်ပံကစားသမား ဘိုင်လီကိုပါ ပစ်မှတ်ထားလျက်ရှိသည်။ 

လက်ရှိတွင် ဂျက်ဂရီလစ်ရှ်တန်ကြေးနှင့်ပတ်သက်၍ မန်စီးတီးအသင်းဘက်က အက်စတွန်ဗီလာအသင်းကို မေးမြန်းမှုများ ပြုလုပ်ထားကြောင်းသိရသည်။

ငြိမ်းပြည့်