News

POST TYPE

NEWS

အဇာဘိုင်ဂျန်အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကသို့ ရွိုင်ကိန်းတစ်ကျော့ပြန် ဝင်ရောက်လာဖွယ်ရှိ
01-Jul-2020


မန်ချက်စတာ၊ ဇွန် ၃၀

မန်ယူအသင်း ကွင်းလယ်လူဟောင်း ရွိုင်ကိန်းသည် အဇာဘိုင်ဂျန်အသင်းကိုတာဝန်ယူရန်အတွက် ဆွေးနွေးမှုများပြုလုပ် နေကြောင်း The Sun က ဖော်ပြခဲ့သည်။ 

လက်ရှိတွင်ရွိုင်ကိန်းသည် Sky Sports ရုပ်သံတင် ဆက်သူအဖြစ်တာဝန်ယူနေပြီး ၎င်းအားနည်းပြအဖြစ် အလိုရှိသည့် အသင်းများစွာရှိသော်လည်း ဆွဲ ဆောင်နိုင်ရန်အတွက်ကိုမူ ခက်ခဲနေကြသည်။ 

အဇာဘိုင်ဂျန်အသင်းကမူလာမည့် နေးရှင်းလိဂ်ပြိုင်ပွဲတွင် အသက် ၄၈ နှစ် အရွယ်ရွိုင်ကိန်း၏ ဦးဆောင်မှုဖြင့် အကောင်းဆုံးမျှော်လင့်နေပြီး မန်ယူအသင်း ကွင်းလယ်လူဟောင်းနှင့်စကားပြောဆိုမှု များပြုလုပ်နေပြီဖြစ်သည်။ 

အဇာဘိုင်ဂျန်အသင်းသည် ပြီးခဲ့ သည့်နေးရှင်းလိဂ် ပြိုင်ပွဲတွင် အုပ်စု-C သို့ တန်းတက်နိုင်ခဲ့ပြီး လာမည့် ၂ ရက် အတွင်း နီကိုလာဂျာဗစ်နေရာတွင်အစား ဝင်မည့်နည်းပြသစ်တစ်ဦးကို တရားဝင်ထုတ်ပြန်ကြေညာဖွယ်ရှိနေသည်။ 

ရွိုင်ကိန်းသည် စပါးနှင့် မန်ယူတို့ ကစားခဲ့သည့်ပွဲစဉ်တွင် မန်ယူကစားသမားများဖြစ်သော ဒီဂီယာ၊ လုခ်ရှောနှင့် မက်ဂူရီတို့ကို ပြင်းထန်စွာထိုးနှက်ဝေဖန်ခဲ့သူ ဖြစ်သည်။ 

ရွိုင်ကိန်းအနေနှင့် နိုင်ငံလက်ရွေး စင်အသင်းများကိုကိုင်တွယ်ရန် ဆန္ဒရှိသလို အဇာဘိုင်ဂျန်အသင်းဘက်ကလည်း မက်လောက်စရာငွေကြေးဖြင့် ကမ်းလှမ်းထား ခြင်းဖြစ်ကြောင်းသိရသည်။

ငြိမ်းပြည့်