News

POST TYPE

NEWS

အရန်ဆန်ရိက္ခာ တန်ချိန် ၃၂,၀၀၀ ခန့် ဝယ်ယူသိုလှောင်ထား
06-Jun-2020
ရန်ကုန်၊ ဇွန် ၆

နိုင်ငံတော်၏ အရန်ဆန်ရိက္ခာအစီအစဉ်အရ အရန်ဆန်ရိက္ခာတန်ချိန် ၃၂,၀၀၀ ခန့်ကို ဝယ်ယူသိုလှောင်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အရန်ဆန်ရိက္ခာအစီအစဉ်အရ အရန္ဆန္မ်ားကို ဝယ်ယူခြင်း၊ စစ်ဆေးခြင်း၊ လက်ခံခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ MITS နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့မှစတင်၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၃၀ ရက်နေ့မှ ဇြန္လ ၅ ရက်နေ့အထိ သိုလှောင်ရုံ ၉ ရုံတွင် ဆန်တန်ချိန် ၃၂,၀၀၀ ခန့်ကို ပြည်ပသို့ဆန်တင်ပို့မည့် ကုမ္ပဏီ ၁၁၀ ခုထံမွ သတ်မှတ်ထားသည့်စံချိန်စံညွှန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝယ်ယူလက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

အရန်ဆန်ရိက္ခာအစီအစဉ်အရ ပြည်ပဆန်တင်ပို့မည့် ကုမ္ပဏီများအနေနှင့် အရန်ဆန် ၁၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနှုန်းဖြစ်သည့် ၂၁,၆၀၀ က်ပ္ကို စားသုံးသူရေးရာ ဦးစီးဌာနသို့ရောင်းချပြီးမှ ပို့ကုန်လိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္႑ာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ တန်ချိန် ၁ ဒသမ ၉ သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၅၆၃ သန်းကျော်ရရှိထားကြောင်း ပြည်ပတင်ပို့မှုစာရင်းများအရ သိရသည်။

S-07