News

POST TYPE

NEWS

စပါးအသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိခဲ့ဟု အတည်ပြုဖော်ပြ
05-Jun-2020


လန်ဒန်၊ ဇွန် ၄

ပရီးမီးယားလိဂ်ပြီုင်ပွဲဝင်အသင်းများ၏ အပြုသဘောဆောင်သောစစ်ဆေးချက် နောက်ဆုံး ၁၁၉၇ ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးတွေ့ရှိခဲ့ပြီး စပါးအသင်းမှဖြစ်ကြောင်းအတည် ပြုထုတ်ပြန်ခဲ့သည်ဟု Dailymail ကဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့လည်ပိုင်းတွင် အဆိုပါသတင်းကို ပရီးမီးယားလိဂ်ဘက်မှအတည်ပြုခဲ့သလို စပါးကလည်းအမည် မဖော်လိုသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ကြောင်းထပ်မံအတည်ပြုခဲ့သည်။ 

စပါးအသင်း၏ထုတ်ပြန်ချက်ထဲ၌  ဆေးဘက်ဆိုင်ရာလျှို့ဝှက်ချက်ကြောင့် ကူးစက်ခံရသူအမည်ကို ထုတ်ဖော်ပြော မည်မဟုတ်ကြောင်း ဆိုခဲ့သည်။ 

ကူးစက်ခံရသူမှာ ကစားသမားတစ်ဦး သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကို အတိအကျမသိရခြင်းကြောင့် ပြိုင်ပွဲပြန်လည်စတင်ရန် နီးကပ်လာချိန်တွင် သံသယဖြစ်စရာရှိလာခဲ့သည်။ 

အကယ်၍ကစားသမားထဲမှဖြစ်ပါက ၎င်းကို ၁၄ ရက် သီးသန့်ခွဲထားရမည်ဖြစ်ပြီး စပါးအသင်း၏ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားခွင့် လွဲချော်ရမည်ဖြစ်သည်။ 

ကူးစက်ခံရသူအား ၇ ရက်အထိ သီးသန့်ခွဲထားရန်ရှိပြီး ထို့နောက်အသင်းနှင့်အတူအဖွဲ့လိုက်လေ့ ကျင့်ရေးပြန်လုပ်နိုင်ရန်အတွက် ၁၄ ရက်ထပ်မံစောင့်ဆိုင်းရမည်ဖြစ်သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲပြန်လည် မစတင်မီအချိန်၌ ကူးစက်ခံရသူတွေ့ရှိနှုန်း အလွန်နည်းပါးခဲ့သော်လည်း လက်ရှိသုည အနေအထား တစ်ဦးမြင့်တက်လာခြင်းဖြစ်သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများကို ကိုရိုနာစစ်ဆေးချက်အား ၅ ကြိမ်ခွဲ၍ ပြုလုပ်ခဲ့ရာ၌ စမ်းသပ်မှုပေါင်း  ၄၉၀ဝ တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၃ ဦး တွေ့ရှိခဲ့သည်။

ငြိမ်းပြည့်