News

POST TYPE

NEWS

အီတလီအပါအဝင် ဥရောပနိုင်ငံများ EU ဒေသတွင်းနယ်စပ်များကို ပြန်ဖွင့်ပေး၊ ဝင်ရောက်လာသူများ Quarantine ဝင်ရန် မလိုတော့
03-Jun-2020

ရောမ၊ ဇွန် ၃

အီတလီအပါအဝင် ဥရောပနိုင်ငံ အတော်များများသည် နယ္စပ္ကို ဖွင့်ချပေးထားလိုက်ပြီး ဒေသတွင်း နိုင်ငံများကြား အကန့်အသတ်များကို ဖယ်ရှားလိုက်ကြောင်း သတင်းများက ဖော်ပြထားသည်။

အီတလီသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို ဗွေဆော်ဦးခံလိုက်ရသည့် နိုင်ငံဖြစ်ပြီး လူသုံးသောင်းသုံးထောင်ကျော် သေဆုံးခဲ့ရသည်။

စကော့တလန်နိုင်ငံတွင် McDonalds ဆိုင်များ ပြန်ဖွင့်နေပြီဖြစ်ကာ ခပ်ခွါခွါနေကာ ဝယ်ပြီး ပြန်ထွက် စနစ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။

လာမည့် နွေရာသီအားလပ်ရက်ကာလတွင် ဗြိတိန်ခရီးသွားဧည့်သည်များကို ကြိုဆိုပါကြောင်း ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဗြိတိန်နှင့် ပေါ်တူဂီတို့ ဆွေးနွေးလျက်ရှိကာ ခရီးသြားမ်ား စောင့်ကြည့်ခံ Quarantine လုပ္စရာမလိုဘဲ လာရောက်နိုင်ရေး ဆွေးနွေးနေလျက်ရှိသည်။

ဒုတိယလှိုင်းအဖြစ် ကူးစက်မှု တကျော့ပြန်လာမည်ကို အစိုးရက စိုးရိမ်မှုများ ရှိနေသော်လည်း ဗြိတိန် ပြည်သူများ ယခုနှစ် အားလပ်ရက် ရာသီတွင် နိုင်ငံခြားသို့ သွားရောက်နိုင်မည်ဟု မျှော်လင့်ရကြောင်း ဗြိတိန် ကျန်းမာရေး လက်ထောက် ဝန်ကြီး အက်ဒ်ဝပ်အာဂါ က ပြောကြားခဲ့သည်။

Lockdown လုံးဝမချခဲ့သည့် ဆွီဒင်က ၎င်းတို့၏ ကိုင်တွယ်ပုံကို ယခုထက် ပိုပြီး တင်းကျပ်ခဲ့လျှင် ဒိန်းမတ်၊ နော်ဝေ တို့ကဲ့သို့ ဒေသတွင်းနိုင်ငံများ တွင် သေဆုံးမှုနူန်းနည်းခဲ့သလို ထိန်းနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အခြားကူးစက်မှုနူန်းမြင့်ခဲ့သော စပိန်၊ ပြင်သစ်၊ ဂ်ာမနီ စသည့် ဥရောပနိုင်ငံများတွင်လည်း ဆိုင်များ ပြန်ဖွင့်ခြင်း၊ အသြားအလာမ်ား ခွင့်ပြုခြင်းတို့ ရှိလာပြီး၊ လူမှုခပ်ခွါခွါနေရခြင်းကိုတော့ ဆက်လက် သတ်မှတ်ထားသေးသည်။