News

POST TYPE

NEWS

ပဲခူးရွှေမော်ဓောစေတီ အချိန်ပြည့် ပြန်ဖွင့်နိုင်ရန် ညှိနှိုင်း
02-Jun-2020


တောင်ငူ၊ ဇွန် ၁

ပဲခူးမြို့နယ်ရှိ ရွှေမော်ဓောစေတီကို ဧပြီလကုန်ပိုင်းကစ၍ အချိန်ပိုင်းဖြင့်သာ ဖူးမြော်ခွင့်ပေးထားရာမှ ဇွန်လပထမပတ်အတွင်း အချိန်ပြည့် ပြန်လည်ဖူးမြော် ခွင့်ပေးရန် ညှိနှိုင်းနေသည်ဟု ရွှေမော်ဓောစေတီဂေါပကအဖွဲ့ဝင် ဦးဝင်းမောင်က ပြောကြားသည်။

“ရွှေမော်ဓောစေတီက အချို့စေတီ ဘုရားတွေလို လုံးဝ ပိတ်ခဲ့တာမျိုးတော့ မဟုတ်ဘူး။ အခုပြန်ညှိနေတာက နံနက် ၄ နာရီကနေ ည ၉ နာရီအထိ အချိန်ပြည့် ဖူးမြော်နိုင်ဖို့။ ဒီရက်ပိုင်းမှာ ပြန်ဖွင့်လှစ် ပေးဖို့ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

Covid -19 ကူးစက်ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရန် စေတီတော်တွင် ဘုရားဖူးများ၊ ပြည်ပခရီးသွားများဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန် အချိန် အကန့် အသတ်ဖြင့်သာ ဖွင့်ပေးထားခြင်းဖြစ် သည်။

ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ ပြန်ဖွင့်မည်ဟုသိထားသည့် အတွက် ရွှေမော်ဓောစေတီကိုလည်း ပြန် လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ခြင်းဖြစ်သည်။

ရွှေမော်ဓောစေတီတွင် Covid-19 ကာလ ရောဂါကာကွယ်တားဆီးရေး အတွက် ယခုနှစ် ဧပြီလ ၂ ရက်နေ့မှ စ၍ လက်ရှိအချိန်အထိ ဘုရားဖူးခွင့်ကို ကျန်းမာ ရေးဌာနက ချမှတ်ထားသည့် စည်းကမ်းများအတိုင်း နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိသာ ဖွင့်ထားပြီး ဘုရားဖူးများကို လက်ဆေးဘေစင်များတွင် လက်ဆေး ခိုင်းခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်းနှင့် လူငါးဦးထက်ပို၍ စုဝေးဖူးမြော်ခွင့်မပေးဘဲ ကန့်သတ်ထားသည်။

ရွှေမော်ဓောစေတီ၌ တန်ခူးလ အတွင်း နှစ်စဉ်ကျင်းပလေ့ရှိသည့် ဗုဒ္ဓပူ ဇနိယပွဲတော်ကိုလည်း ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကိုဗစ်ကြောင့် ယခုနှစ်တွင် ကျင်းပခွင့်ပိတ်ခဲ့ရသည်။ အဆိုပါစေတီသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများသာမက ထိုင်းနိုင်ငံနှင့်နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ တစ်ရက်လျှင် ၃၀၀၀ မှ ၅၀၀၀ အကြား နေ့စဉ်လာရောက်ဖူးမြော် လေ့ရှိသည်ဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

R-02