News

POST TYPE

NEWS

ဦးတီခွန်မြတ်ကို လွှတ်တော်ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချရေးအဆို ရှုံးနိမ့်
01-Jun-2020


နေပြည်တော်၊ ဇွန် ၁ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုတ်သိမ်းပေးရေးအဆိုကို ဇွန်လ ၁ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးခဲ့ရာ အဆိုတင်သွင်းသူများ ရှုံးနိမ့်သွားခဲ့သည်။

ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးက မေလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ယင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတင်သွင်းခဲ့သည့်အဆိုနှင့်စပ်လျှဉ်း၍ ပါဝင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မေလ ၂၉ ရက်နေ့ညနေအထိ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့ပြီး ဇွန်လ ၁ ရက်၊နေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး လျိုဝှက်မဲပေးစနစ်ဖြင့် မဲပေးခဲ့ရာ ထောက်ခံဆန္ဒမဲ ၁၃၂ မဲ၊ ကန့်ကွက်ဆန္ဒမဲ၂၄၃ မဲ ရရှိခဲ့ရာ ကန့်ကွက်ဆန္ဒမဲအရေအတွက်များသည့်အတွက် ဦးစိုင်းထွန်းစိန် တင်သွင်းခဲ့သည့်အဆို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Voice Of Myanmar