News

POST TYPE

NEWS

စစ်ကိုင်းကောင်းမှုတော် ဘုရားဖူးမ်ား ဝင်ရောက်ခွင့် ပြန်လည်ခွင့်ပြု
31-May-2020

ဓာတ်ပုံ-SKT

မန္တလေး၊ မေ ၃၁

Covid-19 ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် စစ်ကိုင်းမြို့ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးသို့ ဘုရားဖူးမ်ား ဝင်ရောက်ခွင့်ကို ဇြန္လ ၁ ရက်နေ့(ယနေ့) မွစ၍ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

Covid-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဧပြီလ ၁၂ ရက်မှစ၍ ဘုရားဖူးခွင့် ကန့်သတ်ခဲ့ရာမှ မေလ ၂၉ ရက်နေ့တွင်ကျင်းသည့် ကောင်းမှုတော်ဘုရားကြီးဂေါပကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် စစ်ကိုင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်အရ ဇြန္လ ၁ ရက်နေ့မှစ၍ အများပြည်သူများ ဝင်ရောက်ဖူးမြော်နိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း  ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောကြားသည်။

"ဘာ့ကြောင့်လဲဆိုတော့ ဇွန် ၁ ရက်နေ့မှာ မန္တလေးတိုင်းအစိုးရအဖွဲ့ကနေပြီးတော့ ကားတွေကို ဝင်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ တချို့ပိတ်ထားတဲ့ကာလမှာတောင် လာပြီးတော့ဖူးတာတွေရှိပါတယ်။ အပြင်ကနေပြီးတော့ ကန်တော့ပြီး ပြန်ပြန်သွားရတာကို စိတ်မကောင်းဘူး။ ဒါကြောင့် ၁ ရက်နေ့မှာ ဖွင့်ခွင့်ရအောင် ကြိုးစားဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်" ဟု ၎င်းကရှင်းပြသည်။

ဘုရားဖူးများဝင်ထွက်ရန်အတွက် တောင်ဘက်မုခ်တစ်ခုတည်းကိုသာ ဖွင့်ပေးထားမည်ဖြစ်ပြီး ဘုရားဖူးချိန်ကို နံနက် ၇ နာရီမွ ညေန ၅ နာရီအထိ သတ်မှတ်ထားကြောင်း၊ ဘုရားဖူးမ်ားကို အပူချိန်တိုင်းတာခြင်းများ၊ လူစုလူဝေးဖြင့် လာရောက်ခြင်းများကို ကန့်သတ်ခြင်းများ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်စေရန် ကန့်သတ်ခြင်းများ စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း တင်းကျပ်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားသို့ ဘုရားဖူးမ်ား ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်သော်လည်း ဘုရားရွိ ဈေးသည်များကိုမူ ဈေးရောင်းချခွင့်ပြုဦးမည်မဟုတ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဈေးများဖွင့်နိုင်စေရန်စီစဉ်နေကြောင်း ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

ရာဇမဏိစူဠာ ကာင်းမှုတော်ဘုရားကို သာလွန်မင်းတရားကြီးက သက္ကရာဇ် ၉၉၈ ခုနှစ်တွင်စတင် တည်ထားခဲ့ပြီး သက္ကရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ရတီ