News

POST TYPE

NEWS

ချန်ပီယံလိဂ်တွင် အနိုင်ရရန်လိုအပ်သည့်အရာအားလုံး မန်စီးတီးတွင်ရှိနေသည်ဟု မာရက်ဇ် ယုံကြည်
31-May-2020


မန်ချက်စတာ၊ မေ ၃၀

ကိုရိုနာဗိုင်းရပ်စ်အလွန်တွင် ပြန်လာမည့် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲ၌ မန်စီးတီးအသင်း ဗိုလ်စွဲနိုင်စွမ်းအပြည့်ရှိနေ သည်ဟုတောင်ပံကစားသမားမာရက်ဇ်က ယုံကြည်နေကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို သြဂုတ်လတွင်ပြန်လည်စတင်ဖွယ်ရှိနေပြီး မန်စီးတီးအသင်းသည် ၁၆သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့အဖြစ် အိမ်ကွင်းအီတီဟတ်တွင် ရီးရဲလ်နှင့်ရင်ဆိုင်ရမည် ဖြစ်သည်။ 

မန်စီးတီးအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လိုအပ်သည့်အရာအားလုံးကို ပိုင်ဆိုင်ထားသလို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရယူရန်အဆင်သင့်အနေအထားရှိနေသည်ဟု မာရက်ဇ်ကိုဆိုခဲ့ခြင်းဖြစ်သည်။ 

“ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အချိန် ကောင်းပဲလို့ထင်ပါတယ်။ ကျွန်တော်တို့မှာ အသင်းတစ်သင်းရှိတယ်။ နည်းပြရှိတယ်။ အရာအားလုံးလည်းရှိတယ်။ ဒါကြောင့် အချိန်ကောင်းပါပဲ။ အကောင်းဆုံး ဖြစ်ပြီလားဆိုတာကို မသိရပေမဲ့ အနိုင်ရဖို့အတွက်တော့ လုံလောက်မှုရှိနေပါတယ်။ ချန်ပီယံလိဂ်ကခက်ခဲသလို လူတိုင်းက ဒီအရာကိုလိုချင်ကြပါတယ်။ ဒါကြောင့် ကြီးမားတဲ့ပြိုင်ဆိုင်မှုတစ်ခုလို ဖြစ်နေပါတယ်”ဟု မာရက်ဇ်ကပြောကြားခဲ့သည်။ 

မာရက်ဇ်သည်ပြီးခဲ့သည့်ဘောလုံးရာသီတွင် မန်စီးတီးအသင်းနှင့်အတူ ဆုဖလား ၃ လုံးပိုင်ဆိုင်ခဲ့သလို အယ်လ်ဂျီးရီး ယားအသင်းနှင့်အတူ ၂၉ နှစ်ကြာဝေးကွာနေသည့် အာဖရိကနိုင်ငံများဖလားကိုပါ ဆွတ်ခူးထားနိုင်သူဖြစ်သည်။

ငြိမ်းပြည့်