News

POST TYPE

NEWS

Chinese 8 Ball ပြိုင်ပွဲဝင် ဘုန်းမြင့်ကျော် ယနေ့တွင် တရုတ်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်
31-May-2020


ရန်ကုန်၊ မေ ၃၀

Chinese 8 Ball ပြိုင်ပွဲဝင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ)အားတီသည် အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၃၁ရက် (ယနေ့) တွင်ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ တရုတ်ကစားသမား Chu Bing Jie တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော်သည် အုပ်စုပတ်လည် ၆ပွဲ ယှဉ်ပြိုင် ကစားပြီးချိန်တွင် ပွဲစဉ်တိုင်းအနိုင်ရကာ ရမှတ် ၃၇,၈၀ဝ မှတ်ဖြင့်ထိပ်ဆုံးတွင် ဦးဆောင်နေပြီး တရုတ်ကစားသမား Chu Bing Jie နှင့် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသော်လည်း နောက်တက်ဆင့်သို့  တက်ရောက်သွားပြီဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၃၁ ရက် (ယနေ့) ညနေ ၅နာရီ ၃၀အချိန်တွင် ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ တရုတ်ကစားသမား Chu Bing Jie တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင်လည်း အနိုင်ရရန် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဘုန်းမြင့်ကျော်က ပြောကြားခဲ့သည်။ 

အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကစားသမား ၈ ဦးဖြင့် ကျင်းပနေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်ကစားသမားမှာ မြန်မာငွေဖြင့် ဆုကြေးငွေ ကျပ်သိန်း ၁၀ဝ၀ ဝန်းကျင်ရရှိမည်ဖြစ်သည်။

ဇော်သုတ