News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် စီးရီးအေပြိုင်ပွဲတွင် ယူရိုသန်း ၇၀ဝ ကျော် ဆုံးရှုံးရဖွယ်ရှိဟု ဂရာဗီနာပြော
29-May-2020


အီတလီ၊ မေ ၂၈

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ကိုရိုနာဗိုင်ရပ်စ်ပြဿနာကြောင့် စီးရီးအေပြိုင်ပွဲတွင် ဆုံးရှုံးနစ်နာရ မည့်အရေအတွက်သည် ယူရို သန်း ၇၀ဝ ကျော်ရှိလိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်ဟု Goal.com ကဖော်ပြခဲ့သည်။ 

ပွဲစဉ်များ ရပ်နားထားရခြင်းကြောင့် စီးရီးအေတွင် ယူရိုသန်း ၅၀ဝ ကျော် ဆုံးရှုံး ခဲ့ပြီးဖြစ်သည်ဟု ဂရာဗီနာက ပြောကြားခဲ့သည်။ ပွဲစဉ်များရပ်နားထားရချိန်တွင် အသားတင်ပေးနေရသော ဝန်ထမ်းလစာများအပါအဝင် အခြားလုပ်ငန်းလည်ပတ် မှုကုန်ကျစရိတ်များကြောင့် ဘဏ္ဍာရေးဆိုင်ရာအထိနာမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဂရာဗီနာက ပြောသည်။

စီးရီးအေပြိုင်ပွဲအား လာမည့်ဇွန်လ ၁၃ ရက်တွင် ပြန်လည်စတင်ရန် အစီအစဉ်ချမှတ်ထားသည်။ သို့သော်ဆက်လက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေရဆဲ ဖြစ်သည်။

ဂရာဗီနာက အစီအစဉ်ချမှတ်ထားသော ဇွန်လ ၁၃ ရက် တွင်ပြန်လည်စတင်သည့် တိုင်ကွင်းဝင်ကြေးများရရှိမည် မဟုတ်ဘဲ  အခြားဝင်ငွေကဏ္ဍအသီးသီးတွင်လည်း ဆုံးရှုံးနစ်နာမှုများမည်ဖြစ်၍ ယူရိုသန်း ၇၀ဝ ကျော် ဆုံးရှုံးနိုင်ခြင်းဖြစ်ပြီး ပြန်လည် စတင်ချိန်ပို၍နောက်ကျပါက ဆုံးရှုံးမှုပိုများလိမ့်မည်ဟု ပြောကြားခဲ့သည်။

ငြိမ်းပြည့်