News

POST TYPE

NEWS

CNPC က သတင်းစာတိုက်များကို Covid-19 ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီ
29-May-2020


ရန်ကုန်၊ မေ ၂၈

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)က ပုဂ္ဂလိကသတင်းစာတိုက်များကို မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများနှင့် ပိုးသတ်လက်ဆေးဆပ်ပြာရည်များ ပေးအပ်ကူညီခဲ့သည်။

အခြားသတင်းမီဒီယာသမားများကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှတစ်ဆင့် ကျန်းမာရေး အထောက်အကူပစ္စည်းအချို့ ပံ့ပိုးကူညီနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကပ်ရောဂါကာလအတွင်း နေရာဒေသအသီးသီးသို့ သွားရောက်သတင်းရယူနေကြသည့် သတင်းမီဒီယာသမားများအတွက် အသုံးဝင်ရန်ရည်ရွယ်ချက်ဖြင့် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

CNPC အနေနှင့် အစိုးရဌာနအချို့နှင့် ဝန်ထမ်းအချို့ကိုလည်း Covid-19 ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်လည်း ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း CNPC ထံမှ သိရသည်။           

S-07