News

POST TYPE

NEWS

ဇွန်လအတွင်း ပရီးမီးယားလိဂ်ပြန်လာနိုင်မည်ဟု ပြိုင်ပွဲအမှုဆောင်ချုပ် ရစ်ချတ်မာစတာ ယုံကြည်
24-May-2020


အင်္ဂလန်၊ မေ ၂၃

ပရီးမီးယားလိဂ်ပြိုင်ပွဲအမှုဆောင်ချုပ် ရစ်ချတ်မာစတာက ဇွန်လအတွင်းပွဲစဉ်များ ပြန်ကစားနိုင်လိမ့်မည်ဟုယုံကြည်ထားကြောင်း ဖွင့်ဟခဲ့ဟု BBC Sport က ဖော်ပြခဲ့သည်။ 

ပြီးသည့်ရက်ပိုင်းအတွင်းက ပရီးမီးယားလိဂ်ကလပ်များကို အပြုသဘောဆောင်သည့် ဆေးစစ်မှုများပြုလုပ်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်း ၃ သင်းမှ ကိုရိုနာကူးစက်ခံရသူ ၆ ဦးတွေ့ရှိခဲ့ပြီး အင်္ဂါနေ့တွင် လေ့ကျင့်ရေးများ ပြန်လည်စတင်ခဲ့သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲကို မတ်လ ၁၃ ရက်နေ့တွင် ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ဇွန် ၁၂ တွင် ပြန်လည်စတင်နိုင်မည် ဟု ခန့်မှန်းထားသည်။ 

"အရှိန်အဟုန်အချို့ရှိပါတယ်။ ကျွန်တော်တို့ ပထမခြေလှမ်းကို စလှမ်းလိုက်ပါပြီ။ ပရိသတ်အပါအဝင်လူတိုင်းအတွက် ကျွန်တော်တို့ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာပြန်တွေ့ရတာ အရမ်းကောင်းပါတယ်"ဟု ရစ်ချတ်မာစတာက ဆိုခဲ့သည်။ 

ပရီးမီးယားလိဂ်ပြန်လာမည့်ရက်သတ်မှတ်ချက်ကို မေးမြန်းခဲ့ရာ၌ ၎င်းကပြောင်းလွယ် ပြင်လွယ်ရှိရမည်ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ပြန်လည်စတင်ခြင်းမှ သင်ခန်းစာယူရမည်ဟု ဖွင့်ဟခဲ့သည်။ 

ဆက်လက်ပြီး ရစ်ချတ်မာစတာက နောက်ထပ်ခြေလှမ်းတစ်ခုမှ လေ့ကျင့်ရေးပြုလုပ်နေသူများ လုံခြုံမှုရှိစေရေးဖြစ်သည် ဟုဆိုခဲ့သည်။ 

လက်ရှိတွင် လုံခြုံမှုရှိစွာလေ့ကျင့်ရေးပြုလုပ်နိုင်ခြင်းက ပထမအဆင့်ဖြစ်ပြီး အောင်မြင်မှုရရှိမှသာလုပ်ငန်းစဉ်ပြီး မြောက်အောင် ဆက်သွားနိုင်မည်ဟုပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ယဉ်ကျေးမှုဆိုင်ရာအတွင်းရေးမှူး အိုလီဗာဒိုဒန်က အပိုဒ်ခွဲ ၂ ၌ အားကစားလေ့ကျင့်ရေး ဆိုင်ရာပြန်လာခြင်းအား ယခုသီတင်းပတ်အကုန်တွင် အစိုးရထံမှခွင့်ပြုချက်ရနိုင်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ငြိမ်းပြည့်