News

POST TYPE

NEWS

အော်စတင်မြို့လယ်ခေါင်တွင် သေနတ် ပစ်ခတ်မှုကြောင့် လူ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ
01-Aug-2016

အော်စတင်၊ သြဂုတ် ၁

အမေရိကန်ပြည်ထောင်စု အော်စတင်မြို့တွင် ဇူလိုင် ၃၁ ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်းက သေနတ် နှစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု အရာရှိများက ဆိုသည်။

မျက်မြင် သက်သေများ၏ ပြောကြားချက်အရ အမျိုးသမီးမှာ ဒေသစံတော်ချိန် ည ၂ နာရီ ၁၇ မိနစ်၌ အော်စတင်မြို့ မြို့လယ်ခေါင် ဘားနှင့် ကလပ်များရှိရာ အီး ၆ လမ်းတွင် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု အော်စတင်ရဲချုပ် ဘိုင်ယမ်မန်လေးက ဆိုသည်။

ည ၂ နာရီကျော်ပြီးနောက် လူတစ်ယောက်သည် အခြားလူတစ်ယောက်နှင့် ခိုက်ရန်ဖြစ်ပွားပြီး အီး ၆ လမ်းရှိ လူအုပ်ကြားထဲ သေနတ် ပစ်ခတ်ခဲ့ရာမှ အသက် သုံးဆယ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား သတ်ခဲ့မိခြင်းဖြစ်ပြီး လူလေးဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု မန်လေးကဆိုသည်။

ထို့အပြင် ရှစ် မိနစ်ကြာပြီးနောက် အနီးရှိ ကားပါကင်တွင်လည်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။

ကားပါကင်မှ ရှိသူများသည် ပစ်ခတ်သူအား ပြန်လည်ခုခံရန် ကြိုးစားခဲ့ပြီး ရဲများ ရောက်လာသည့်အချိန်ထိ ခုခံနိုင်ခဲ့သည်ဟု မန်လေးက ဆိုသည်။ 

ပစ်ခတ်သူမှာ အဖမ်းခံရပြီးနောက် ဆေးကုသမှု ခံယူလျက် ရှိသည်။

စုံစမ်း စစ်ဆေးသူများအရ အဆိုပါ ပစ်ခတ်မှု နှစ်ခုသည် စပ်ဆက်မှု မရှိဘဲ သီးခြားစီ ဖြစ်ခဲ့သည်ဟု ဆိုသည်။

အီး ၆ လမ်းမှ ပစ်ခတ်မှုတွင် သံသယရှိသူကို ယခုအထိ လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး စုံစမ်း စစ်ဆေးသူများက အသက် နှစ်ဆယ်အရွယ် လူမည်း သို့မဟုတ် လက်တင်လူမျိုးဖြစ်မည်ဟု ဆိုသည်။

ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်တွင် မြို့ထဲသို့ ပြည်သူများ မလာကြရန် အော်စတင် ရဲဌာနက ထုတ်ပြန် ကြေညာထားသည်။

Ref : Daily News

  • VIA