News

POST TYPE

NEWS

Mask တစ်ခုစမ်းချုပ်ကြည့်နေဟု အတိုင်ပင်ခံဆို
07-Apr-2020


ရန်ကုန်၊ ဧပြီ -၇

နေအိမ်များတွင် Mask များအား ကိုယ်တိုင်ချုပ်လုပ်နေမှုများ အဆင်ပြေမှုရှိမရှိ စဉ်းစားရမည်ဖြစ်ကာ ၎င်းကိုယ်တိုင် Mask တစ်ခုကို စမ်းသပ်ချုပ်လုပ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၇ ရက်နေ့တွင် ယင်း၏ လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားခဲ့သည်။

ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမှအကာကွယ်ဖြစ်စေမည့် Mask များလုံလုံလောက်လောက်ရရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်နေပြီး လက်တလော ဖြန့်ဝေရန်အတွက် Mask ၆.၃သန်းရှိပြီး ထပ်မံလည်း မှာယူထားသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"Masks တွေလုံလုံလောက်လောက်ရနိုင်ဖို့ကျန်းမာရေးဝန်ကြီးဌာနကစီစဉ်နေပါတယ်။အိမ်မှာချုပ် ကြတာကော အဆင်ပြေနိုင်မလား၊ ဒါ တွေလည်းစဉ်းစား ရပါတယ်။ 
ကျွန်မ တစ် ခု စမ်း ချုပ်နေ ပါတယ်"ဟု ၎င်းကပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုအပေါ် လူမှုကွန်ယက်အသုံးပြုသူများအကြား နှစ်သက်မှုများဖြစ်ပေါ်ခဲ့ပြီး Like and Share ပြုလုပ်သူ များပြားခဲ့သလို ၎င်း၏စာသားကို copy ယူကာ ကိုယ်ပိုင်အကောင့်များတွင် တင်ပြမှုများလည်းရှိခဲ့သည်။

ဆက်လက်ပြီး အသွားအလာကန့်သတ်ခံရပြီး ပြန်ထွက်လာသူများအနေဖြင့် ရောဂါကာကွယ်ရေးအတွက်ထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းများနှင့် ညွှန်ကြားချက်များကို မလိုက်နာပါက ရောဂါဖြစ်ရန် အန္တရာယ်ကြီးကြောင်း အသိပေးပြောကြားခဲ့သည်။

COVID - 19 ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် တာဝန်အရဆောင်ရွက်မှုများကို မကျေနပ်ပဲ ကြမ်းကြမ်းတမ်းတမ်း ပြုမှုများရှိသည့်အတွက် ဥပဒေအရအရေးယူဆောင်ရွက်မှုရှိခဲ့ပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပံ့ပိုးပေးနေသည့်ပြည်သူများကိုကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

S-09