News

POST TYPE

NEWS

5BB နှင့် Canal+ တို့ မိတ်ဖက်ကုမ္ပဏီအဖြစ်ပူးပေါင်း
06-Apr-2020


ရန်ကုန်၊ ဧပြီ ၆


အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် 5BBBroadband နှင့် ပြင်သစ်နိုင်ငံအခြေစိုက် အခပေးရုပ်သံလိုင်း Canal+ တို့ သည် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများပေးအပ်နိုင်ရန် မိတ်ဖက်ကုမ္ပဏီအဖြစ် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း Canal+ ထံမှ သိရသည်။

5BBBroadband နှင့် Canal+ တို့သည် အိမ်နီးချင်းနိုင်ငံများကဲ့သို့ Fiber Internet+ Best Quality Movie Application ကို 2 IN 1 အနေဖြင့် ဝန်ဆောင်မှုပြီးစီးအောင် ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“Canal+ ရဲ့ စိတ်လှုပ်ရှားစရာဖျော်ဖြေရေးအစီအစဉ်အသစ်တွေကိုစိတ်ဝင်စားသူတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေကို မိတ်ဆက်ပေးသွားဖို့ရှိတယ်” ဟု Canal+ Myanmar FG မှ CEO ဖြစ်သူ Erwan LUHERNE က ပြောကြားသည်။

ဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်ခြင်းအထိမ်းအမှတ်အဖြစ် 5BBBroadbandFITx ဝန်ဆောင်မှု အသုံးပြုသူများသည် myCanal App ဖြင့် ရုပ်သံလိုင်းပေါင်း ၁၁ လိုင်းကို တစ်လအခမဲ့ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး 5BBBroadbandFITx ထပ်မံဝယ်ယူမည့်သုံးစွဲသူများကိုလည်း myCanal အခမဲ့ကြည့်ရှုခွင့်အစီအစဉ်များကို ဝယ်ယူသည့်အစီအစဉ်အပေါ်မူတည်၍ ရရှိနိုင်မည်ဖြစ်ကြောင်း Canal+ ထံမှ သိရသည်။

“ကမ္ဘာအနှံ့ Covid-19 ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ Stay at Home လုပ်ဖို့တိုက်တွန်းနေတဲ့ကာလမှာ 5BB ရဲ့လက်ရှိသုံးစွဲသူတွေအပြင် သုံးစွဲသူအသစ်တွေ အင်တာနက်အပြင် ရုပ်သံဖျော်ဖြေရေးတွေကိုပါရရှိနိုင်ဖို့ Canal+ နဲ့ပူးပေါင်းပြီး ဝန်ဆောင်မှုတွေစပေးတော့မှာ ဖြစ်ပါတယ်” ဟု 5BB ၏ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

ယခုပူးပေါင်းဆောင်ရွက်မှုကြောင့် အင်တာနက်ရရှိပြီးသည့်အိမ်များအနေနှင့် ရုပ်သံဖျော်ဖြေရေးပါရရှိနိုင်မည်ဖြစ်ပြီး ဖျော်ဖြေရေးရှိသည့်အိမ်များအနေနှင့် အင်တာနက်နှင့် ရုပ်သံဖျော်ဖြေရေးကို ဝမ်းစတော့ပ်ဆားဗစ်ဝန်ဆောင်မှုရမည်ဖြစ်သည်။ S-07