News

POST TYPE

NEWS

ရွှေဈေးကွက် တန်ဖိုးနှုန်းထားများဖွင့်လှစ်မှုကို ဧပြီလ ၁၁ ရက်မှစ၍ ယာယီပိတ်မည်
05-Apr-2020


မန္တလေး၊ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးနှင့်  နေ့စဉ် ရွှေဈေးကွက် တန်ဖိုးနှုန်းထားများ ဖွင့်လှစ်မှုကို ဧပြီလ ၁၁ ရက် မှ စတင်၍ ယာယီ ရပ်နားထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။


ကိုရိုနာ ဗိုင်းရပိကာကွယ်တားဆီးနိုင်မှု အခြေအနေ ပေါ်မူတည်၍ ပြန်ဖွင့်မည့် ရက်ကို  ကြိုတင်ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးတင်ထွန်းက ပြောကြားသည်။



 ဧပြီလ ၁၂ ရက်သည်   သင်္ကြန်အကြိုနေ့ ဖြစ်သောကြောင့် ယခင်ပိတ်နေကျအတိုင်း ပိတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း နှင့် သင်္ကြန်ကာလနီးသည်အထိ ရွှေဈေးကွက်အား ဆက်လက်ဖွင့်လှစ်ထားရခြင်းမှာ ဈေးကွက်အတွင်းရှိ အရောင်းအဝယ် နှင့် နယ်ဒေသရှိ ကုန်သည်များ အဆင်ပြေစေရန် ဖြစ်ကြောင်း ဦးတင်ထွန်းက ဆက်လက် ရှင်းပြသည်။

"ဈေးကွက် မဖွင့်ရင် ဈေးကွက်ထဲမှာအရောင်းအဝယ်တွေ ဒုက္ခရောက်မှာ စိုးလို့ပါ။ ရန်ကုန်ကလည်း ရွှေအသင်းက ပိတ်ထားတယ်ဆိုပေမဲ့ ရွှေအရောင်းအဝယ်က ရှိနေတော့ ဈေးကွက်ကို မန္တလေးကနေ လှမ်းထောက်ပံ့ပေးနေရတာပေါ့။  မန္တလေးပါ ပိတ်လိုက်မယ်ဆိုရင် ဈေးကွက်ထဲမှာ ရှိတဲ့ သူတွေ အခက်အခဲ ဖြစ်သွားမယ်။ နယ်ကလာတဲ့ ရွှေကုန်သည်ဆိုတာလည်း ဈေးကွက်နှုန်းထားရှိမှ ရွှေရောင်းပြီးမှ ငွေပေါ်မှာကိုး။နယ်က ကုန်သည်တွေ အဆင်ပြေအောင်ပါ။ ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသည် ပြီးခဲ့သော မတ်လ ၂၉  ရက် ကစတင်၍ ယာယီအကန့်အသတ်မရှိ ပိတ်ထား ခဲ့ပြီး ဖြစ်ပြီး ဖြစ်သည်။

 မန္တလေးတိုင်း  ရွှေအသင်းရုံးသည် စျေးကွက်ဖော်ဆောင်ရာ၌ အသင်းသို့ ဝင်ရောက်လျှင်အပူချိန်စစ်ဆေး
  ခြင်း၊ လက်ကိုသန့်စင်အောင်ဆေးကြောခြင်း၊တစ်ဦးနဲ့တစ်ဦး ၃ပေကွာခြားထိုင်ခြင်း 
  ဖြင့် စံနစ်တကျ လုပ်ဆောင်ထားပြီး နေ့စဉ်လူဝင်ရောက်မှု အရေအတွက်သည် ၁၀ ဦး(ဝန်းကျင်) သာ   ကြောင်း မန္တလေးတိုင်းဒေသကြီး ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ထံမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရသည် တိုင်းအတွင်း လူဝင်ထွက်သွားလာမှုကို လျော့ချရန်  စားသောက်ကုန် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ ယာဉ်မောင်းသူ အပါအဝင်  လူ ၇ ဦး အောက်သာ ပါဝင်မည့် အိမ်စီးကားနံပါတ်အနက် ကားများမှအပ  အခြားသော ခရီးသည်တင်ကားများ၊ ဘုရားဖူးကားများနှင့် အလည်အပတ်ကားများကို   ဧပြီလ ၆ ရက် မှ ဧပြီလ ၂၁ ရက် အထိ ဝင်ထွက်သွားလာခွင့်ပြုမည် မဟုတ်ကြောင်း  အစရှိသော အချက်များပါဝင်သည့် ဒေသန္တရ အမိန့်ညွှန်ကြားချက် တစ်စောင် ကို ထုတ်ပြန်ထားသည်။

ဘုန်းမြတ်