News

POST TYPE

NEWS

အရက်သောက်ထားသူက ရန်စသည်ကို စိတ်ဆိုးပြီး ဓားနှင့်ထိုးသတ်
02-Apr-2020

တောင်ငူ၊ ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ လေးတဲကျေးရွာနှင့် တယ်ပင်ရိုးရွာသွားလမ်းမပေါ်တွင် ဧပြီလ ၁ ရက်နေ့ ညေန ၆ နာရီကျော်က အရက်သောက်စားထားသူတစ်ဦးက ရန်စပြောဆိုသည်ကိုစိတ်ဆိုးပြီး မီးဖိုချောင်သုံးဓားနှင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း အိုးသည်ကုန်းနယ်မြေ ရဲစခန်းထံမှ သိရသည်။

အသက် ၅၅ နှစ်အရွယ် အမျိုးသားသည် အရက်သေစာများသောက်စားပြီး ကျေးရွာအဝင် လေးတဲရွာနှင့် တယ်ပင်ရိုးရွာသွား လမ်းမနံဘေး ညောင်ပင်တစ်ပင်အောက်တွင် ကခုန်ပျော်ပါးနေသည်ကို တွေ့ရှိခဲ့ရပြီး နောက်တစ်နေ့ နံနက်၂ နာရီခန့်တွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသည်ကို သိရှိခဲ့ရသည့်အတွက် စုံစမ်းစစ်ဆေးရာမှ တစ်ရွာတည်းနေ အသက် ၃၀ အရွယ် အောင်လေးဆိုသူက မီးဖိုချောင်သုံးဓားဖြင့် နှစ်ချက်ထိုးသတ်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ထို့ကြောင့် အောင်လေးကို (ပ)၁၀၄/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ထားကြောင်း

အဆိုပါရဲစခန်းထံမှ သိရသည်။

R-02