News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်သည် ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးရွားဆုံး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား
02-Apr-2020


ကုလသမဂ္ဂ ၊ ဧပြီ ၁

လက်ရှိကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန္တိုနီယိုဂူတာရီစ္က ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အဆိုပါကပ်ရောဂါကြီးကြောင့် ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခများဖြစ်ပေါ်လာမည်ကိုလည်း အထူးပင်စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။

ကမ္ဘာပေါ်မှာရှိတဲ့သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အန္တရာယ်ပြုနေသည့် ကပ်ရောဂါကြီးဖြစ်သည့်အတွက် စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ကာ နောက်ဆုံးတွင် ပမာဏကြီးများလွန်းသည့် ပဋိပက္ခကြီးများ ပေါ်ပေါက်လာနိုင်သည်ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးက သတိပေးသည်။

"ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း စိန်ခေါ်မှု အကြီးဆုံးသောအကျပ်အတည်းကြီး တစ်ခုနဲ့ ကျွန်တော်တို့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်" ဟု၎က သတင်းထောက်များကိုပြောကြားသည်။

"ပိုမိုခိုင်မာပြီး ထိရောက်မှုရှိတဲ့ တုံ့ပြန်မှုတွေကို အားလုံးအတူတကွ စည်းစည်းလုံးလုံး နဲ့ လုပ်ဆောင်သွားကြဖို့ပါပဲ။နိုင်ငံရေး ကစားပွဲတွေကိုမေ့ထားပြီး လူသားတစ်ရပ်လုံး အလျော်အစားကြီးတဲ့ လောင်းကစားပွဲကြီးနဲ့ ရင်ဆိုင်နေရပြီဆိုတာကို နားလည်သဘောပေါက်ဖို့လိုပါတယ်"ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိအနေအထားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၇၀,၀၀၀ ကျော်နှင့် ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၄၃,၀၀၀ ကျော်ရှိသွားပြီ ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်ခံရမှု နှင့် သေဆုံးမှုအမြင့်ဆုံးနိုင်ငံမှာ အီတလီဖြစ်ပြီး သေဆုံးသူ ၁၂,၀၀၀ ကျော်ရှိပြီး ကူးစက်ခံရသူ တစ်သိန်းကျော်ရှိသည်။

ဥေရာပ၌ ဒုတိယအဆိုးဆုံးနိုင်ငံမှာ စပိန်ဖြစ်ပြီး ကူးစက်ခံရသူ တစ်သိန်းကျော်နှင့် သေဆုံးသူ ၉၀၀၀ ကျော်ရှိကြောင်း သိရသည်။

F-01