News

POST TYPE

NEWS

၂၀၂၀ ပြည့်နှစ်စမှစ၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၅၀ဝ ကျော်အထိ ဈေးကျ
01-Apr-2020


ရန်ကုန်၊ မတ် ၃၁

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လကုန်အထိ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၅၀ဝ ကျော်အထိဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ကမ္ဘာ့ရေနံစိမ်းဈေးသည် တစ်စည်လျှင် ဒေါ်လာ ၂၀ ဝန်းကျင်အထိ ဆက်တိုက်ကျဆိုင်းလျက်ရှိပြီး ၂၀ဝ၃ ခုနှစ် နောက်ပိုင်း အကျဆုံးကာလသို့ရောက်ရှိနေခြင်းဖြစ်သည်။

ရေနံစိမ်းဈေးသည် ၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံးတစ်စည်လျှင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၆၆ ဒေါ်လာနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၆၃ ဒေါ်လာဖြင့် ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် မတ်လ ၃၁ ရက်နေ့ က ရောင်းချလျက်ရှိသည့်ဆီဈေးနှုန်းများက အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၄၀ဝ၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၅၆၀၊ ဒီဇယ်တစ်လီတာလျှင် ၅၃၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၅၄၀ ကျပ် ဖြစ်ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရသိရသည်။

J-03