News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဗီဇာသက်တမ်းတိုးထောက်ခံချက်တင်ပြရန် သတ်မှတ်ချက်များထုတ်ပြန်
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဖြစ်ပွားနေမှု ကာလအတွင်း ဗီဇာသက်တမ်းတိုး ထောက်ခံချက်တင်ပြရန် သတ်မှတ်ချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်လိုက်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနှင့် ဗီဇာသက တမ်းမကုန်ဆုံးမီအနည်းဆုံး ၅ ရက်အထိ ကျန်ရှိသည့် နိုင်ငံခြားသားများ၊ ကုမ္ပဏီဝန်ထမ်းများကို ဗီဇာသက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးလျှောက် လွှာပုံစံကို DICA ဝက်ဘ်ဆိုက်ရှိ https:// www.dica.gov.mm/news/1372173 မှတစ်ဆင့်ရယူ၍ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကလက်မှတ်ရေးထိုး တင်ပြရမည်ဖြစ်သည်။

ပထမအကြိမ်ခန့်ထားသည့် နိုင်ငံခြားသားဝန်ထမ်းများအနေနှင့် ကျွမ်းကျင်ပညာရှင်အထောက်အထားတင်ပြနိုင်ခြင်းမရှိပါက ကုမ္ပဏီ Officer ၏ ထောက်ခံချက်ဖြင့် တင်ပြနိုင်ပြီး ကုမ္ပဏီဝန်ထမ်းများအတွက် ဗီဇာသက်တမ်းတိုးတင်ပြပါက ကုမ္ပဏီ၏လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းအထောက်အထား (Contracts ၊ Agreement ၊ Invoice၊ လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်) များတင်ပြရ မည်ဖြစ်ကြောင်းယင်းဌာနထံမှ သိရသည်။

ထို့ပြင် လက်ခံဆောင်ရွက်ပေးပြီးသည့် တင်ပြစာများအတွက် လိုအပ်မည့်စာအမှတ်ကို ရုံးသို့လာရောက်ခြင်း မလိုအပ်စေရန် ကုမ္ပဏီအမည်များအလိုက် https://www.dica.gov.mm/mm/taxonomy/term/3830 တွင် နေ့စဉ်ကြေညာပေးမည်ဖြစ်ပြီး ယင်းသတ်မှတ် ချက်များသည် Covid-19 ရောဂါဖြစ်ပွားနေမှု၏ နိုင်ငံတော်က ကြေညာချက်အပေါ် သက်ရောက်မှုရှိသည့် ကာလ အထိသာ အကျုံးဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ထံမှသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူများတွေ့ရှိလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများကို မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို နိုင်ငံခြားရေးဝန်ကြီး ဌာနက မတ်လ ၂၉ ရက်နေ့က ယာယီ ရပ်ဆိုင်းလိုက်သည်။

S-07