News

POST TYPE

NEWS

လုပ်သားအခက်အခဲရှိပါက လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆက်သွယ်ရယူနိုင်
01-Apr-2020
ရန်ကုန်၊ မတ် ၃၁

တောင်သူများအနေနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် စက်မှုလယ်ယာဦးစီးဌာနထံအကူအညီ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကြောင့် တောင်သူများအနေနှင့်  မိမိတို့၏လယ်ယာလုပ်ငန်းများတွင် အချိန်မီဆောင်ရွက်ရန် အခက်အခဲများ တွေ့ကြုံနိုင်သဖြင့် လယ်ယာလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရန်နှင့် လယ်ယာကုန်ထုတ်လုပ်မှု မထိခိုက်စေရန်တို့အတွက် လူအင်အားအနည်းဆုံးဖြင့်  စက်ကိရိယာများအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှေ့ ရေးလုပ်ငန်းများဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနထံမှ သိရသည်။

လယ်ယာဝန်ဆောင်မှုလုပ်ငန်း လိုအပ်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး တောင်သူများနှင့် စိုက်ပျိုးလုပ်ကိုင်သူများအနေနှင့် နီးစပ်ရာစက်မှု လယ်ယာစခန်းများတွင်လည်းကောင်း အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍  အကူအညီရယူနိုင်ကြောင်း ယင်းဌာနထံ မှသိရသည်။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှာ ညွှန်ကြားရေးမှူးချုပ် ဝ၉-၅၀ဝ၇၅၇၆၊ ဝ၆၇-၃၄၃၁၂၁၀၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဝ၉-၂၅၀၂၈၉၂၉၉၊ ဝ၆၇-၃၄၃၁၂၁၂၊ ညွှန်ကြားရေးမှူး (လုပ်ငန်း) ဝ၉-၄၂၂၀ဝ၀၂၂၁၊ ညွှန်ကြားရေးမှူးချုပ် ရုံး ဝ၆၇-၃၄၃၁၂၃၄၊ စက်မှုလယ်ယာဦးစီးဌာန (လုပ်ငန်းဌာနခွဲ) ဝ၆၇-၃၄၃၁၂၁၈  နှင့် တိုင်းဒေကြီးနှင့် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံးများ၊ မြို့နယ်စက်မှုလယ်ယာစခန်းများသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကြေညာထားသည်။

S-07