News

POST TYPE

NEWS

အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးပြီး အိမ်နှစ်လုံးကိုမီးရှို့သူတစ်ဦး မီးလောင်အိမ်အတွင်း ဝင်ပြေး၍ သေဆုံး
30-Mar-2020
ဓာတ်ပုံ- ပွင့်ဖြူ ဟစ်တိုင်

မေကြး၊ မတ် ၃၀

ပွင့်ဖြူ မြို့နယ်၊ မင်းတဲကုန်းရွာတွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားနှင့်ထိုးပြီး နေအိမ်နှစ်လုံးမီးရှိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ မီးလောင်နေသည့်နေအိမ်အတွင်းဝင်ပြေးစဉ် မီးလောင်သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူ းဦးအောင်သီဟက ပြောသည်။

ဖြစ်စဉ်မှာ မတ် ၃၀ ရက် နံနက်ပိုင်းက ဦးစံလင်းအောင်နှင့် ဒေါ်ချိုမာတို့ စကားများရန်ဖြစ်ခဲ့ကြပြီး ဦးစံလင်းအောင်က ဒေါ်ချိုမာ၏နေအိမ်အားခဲနှင့်ထုခဲ့သဖြင့် ရဲစခန်းတွင် ခံဝန်ချက်ထိုးပြီးပြန်လာပြီးနောက် မကျေနပ်၍ ဒေါ်ချိုမာနေအိမ်အား ဝင်ရောက်မီးရှို့ရန်လုပ်နေစဉ် တားရာမွ ဓားဖြင့်(၆)ခ်က္ထိုးကာ အိမ္ကို မီးရှို့ထွက်ပြေးခဲ့သည်။

ထို့နောက် ဒေါ်ချိုမာနှင့်ဆွေမျိုးတော်စပ်သူ အိမ်ချင်းကပ်လျှက် ဦးအောင်ကြည်၏ နေအိမ်အားထပ်မံမီးရှို့ခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများက ဝိုင်းဖမ်းစဉ် အဖမ်းမခံဘဲ မီးလောင်နေသည့် အိမ်အတွင်းဝင်ပြေးရာမှ မီးလောင်သေဆုံးခဲ့ကြောင်း ပွင့်ဖြူ မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် တိုက်ခံ၊ ပျဉ်ထောင် သွပ်မိုးနေအိမ်မှာ မီးလောင်ကျွမ်းခဲ့သဖြင့် ပ်က္စီးဆုံးရွုံးမွုတန္ဖိုး ကျပ်၂၆ သိန်းကျော်ရှိကြောင်း ပွင့်ဖြူ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူ းဦးအောင်သီဟက ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ဓားထိုးမှုဖြစ်စဉ်များအား ပွင့်ဖြူ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် (ပ)၂၂၀၊ ပုဒ္မ- ၄၃၆၊ ၃၀၄(က) ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှူ း ဒုတိယရဲမွူ းအေးဇော်က ပြောသည်။

R-10