News

POST TYPE

NEWS

၁၄ ရက် စောင့်ကြည့်ခံရမည့်သူများ မိမိအိပ်ယာလိပ်ဖြင့်လာကာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ရမည်
30-Mar-2020


မန္တလေး ၊ မတ် ၃၀

ပလိပ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၁၄ ရက် စောင့်ကြည့်ခံရမည့်သူများမှာ မိမိအိပ်ယာလိပ်ဖြင့် လာရမည်ဖြစ်ကြောင်း ယင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 
ယင်းသို့ စောင့်ကြည့်ခံရမည့်သူများသည် မိမိအိပ်ယာလိပ် ၊ စောင် ၊ ခေါင်းအုံး အစရှိသည်များကို ကိုယ်တိုင်ယူဆောင်ရပြီး ထမင်းဟင်းမှာလည်း ကိုယ်တိုင် စီမံရမည်ဖြစ်ကြောင်းပလိပ်မြို့ အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြဝတီနယ်စပ်မှ ပြန်လည်ရောက်ရှိလာသော ဒေသခံ ၆ ဦးကို ပလိပ်မြို့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ ၃၀ ရက်နေ့မှစတင်ကာ ၁၄ ရက် စောင့်ကြည့်မည်ဖြစ်ကြောင်း ဒေသခံလူမှူအဖွဲ့အစည်းများထံမှ သိရသည်။ 

ထို့ပြင် Covid-19 ရောဂါကြိုင်တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော Covid Killer Group(ပလိပ်)က မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုက်နယ်ဆေးရုံနှင့်စည်ပင်သာယာဈေး ၊ ပလိပ်အ.ထ.က ၊ မိခင်နှင့်ကလေးဆေးခန်း ၊ ဘူတာကျေးရွာတို့တွင် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ဘူတာကျေးရွာတွင် လက်သန့်ဆေးရည်များ ဝေငှခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

S-02