News

POST TYPE

NEWS

စက်မှုဇုန်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသည့်နှုန်းထားဖြင့် ဆက်လက်ရောင်းချမည်
30-Mar-2020
ရန်ကုန်၊ မတ် ၂၉

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ စက်မှုဇုန်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသည့်နှုန်းထားများဖြင့် ဆက် လက်ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့တွင် ရွှေပြည်သာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ မတ်လ ၃၁ ရက်နေ့တွင် ရွှေလင်ဗန်းစက်မှုဇုန်၊ ဧပြီလ ၁ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဧပြီ လ ၂ ရက်နေ့တွင် တောင်ဒဂုံစက်မှုဇုန်နှင့် ဧပြီလ ၃ ရက်နေ့တွင် လှိုင်သာယာစက်မှု ဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ တို့ရှိ သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးရှေ့  ညနေ ၄ နာရီတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

"ဒါကညီနောင်အသင်းတွေနဲ့ ပူးပေါင်းလုပ်တာပါ။ ပစ္စည်းတွေကအကုန်ရှိတယ်။ မရောက်တာရှိမယ်။ အခုလိုဆိုတော့ ဈေးတွေတင်လို့ ကောင်းတာပေါ့။  ကြက်သွန်တောင် ဘယ်လောက်ဖြစ်တယ်ဆိုပြီးသတင်းတွေက ရောက်လာတယ်။  တကယ်ကပစ္စည်းပြတ်တာ မဟုတ်ဘူး။  အခွင့်အရေးယူကြတာ။ အခြေခံလူတန်း စားက ဒုက္ခရောက်တာပေါ့" ဟု ကုန်သည် စက်မှုအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ်သည်  ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းတို့နှင့်ပူးပေါင်း၍ ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန်များကို သက် သာသည့်နှုန်းထားနှင့် ပြည်သူများသို့ ရောင်းချပေးခြင်းဖြစ်သည်။

ထိုကဲ့သို့လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော ကိုရိုနာဗိုင်းရပ်စ် (Covid-19) အရေးကြောင့် အများပြည်သူဝယ်ယူစားသုံးနေသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်းမရှိစေရန်နှင့် ဈေးနှုန်းကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်း ဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊  လက်လီ၊ လက်ကားလုပ်ငန်းများထိခိုက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ  သိရသည်။
S-07