News

POST TYPE

NEWS

ရန်ကုန် အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက်စနစ် အီလက်ထရွန်နစ် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာလွှဲပြောင်း
27-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက်စနစ် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာရေးဆွဲပြီးစီးသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို လွှဲပြောင်းပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် အစီရင်ခံစာလွှဲပြောင်းပွဲမှ သိရသည်။

အဆိုပါ ရန်ကုန်မြို့အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက်စနစ် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာကို Lexis Nexis ၏ အရှေ့တောင်အာရှဒေသ တာဝန်ခံ၊ မန်နေးဂျင်းဒါရိုက်တာ Gaythri Raman က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာမှတစ်ဆင့် အိမ်၊ ခြံ၊ မြေ ဖွံဖြိုးတိုးတက်နိုင်ရန် တိကျခိုင်မာသည့် အချက်အလက်များရှိရန် ရန်ကုန်သည် အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်ပြီး လှုပ်ခတ်ခဲ့သည့် အခြေအနေရှိသောကြောင့် ယင်းအခြေအနေကို တည်ငြိမ်သည့် အိမ်၊ ခြံ၊ မြေ ဈေးကွက်နှင့် ဖွံဖြိုးတိုးတက်သည့် မြို့ပြတစ်ခုဖြစ်နိုင်ရန် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် JICA ၏အကူအညီဖြင့် Yangon Mapping ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့ဟောင်းကို စနစ်တကျဖွံဖြိုးတိုးတက်ရန် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်းကို ဖွံဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း အဆိုပါအစိုးရအဖွဲ့ထံမှ သိရသည်။ 

J-03