News

POST TYPE

NEWS

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရုတ်တရက် နုတ်ထွက်စာတင်
24-Feb-2020


ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် မလေးရှားဆူလတန်ဘုရင်ထံသို့ မထင်မှတ်ဘဲ ရုတ်တရက် နုတ်ထွက်စာတင်ခဲ့ကာ ညွန့်ပေါင်းအစိုးရမှ ၎င်း၏ အင်အားစုက ထွက်ခွာသွားခဲ့သည်။

ယင်းသို့ ရုတ်တရက်နုတ်ထွက်မှုကြောင့် မလေးရှားနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်လာခဲ့ပြီး ၎င်း၏ နေရာကို ဆက်ခံမည့်သူအရေးအတွက် ပြိုင်ဆိုင်မှုများ ရှိလာမည်ဖြစ်သည်။

နုတ်ထွက်ခြင်းနှင့် ပတ်သက်ပြီး မဟာသီယာမိုဟာမက်၏ ရုံးအဖွဲ့က အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပေ။

မဟာသီယာကို ဆက်လက်ထောက်ခံလှုပ်ရှားနေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ နိုင်ငံရေးပါတီ ဘာဆာတုက ကြေညာထားသည်။

အဓိက အတိုက်အခံ အင်အားစုဖြစ်သော အန်နဝါအီဘရာဟင်၏ လွှတ်တော်အမတ်များက ပါလီမန်အတွင်း လွတ်လပ်သော အင်အားစုတစ်ရပ်အဖြစ် ဖွဲ့စည်းပြင်ဆင်ထားသည်။

အန်နဝါအီဘရာဟင် သည် မဟာသီယာနှင့် အလွန်ကောင်းမွန်သော အစည်းအဝေးတစ်ရပ် ကျဉ်းပခဲ့သည်ဟု ထုတ်ပြန်ထားပြီး မလေးရှားဘုရင်နှင့်လည်း ယခုနေ့လည်ခင်း ၂ နာရီခန့်တွင် တွေ့ဆုံမည်ဟု ကြေညာထားသေးသည်။

“မဟာသီယာနဲ့ အစည်းအဝေးဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ အပြောင်းအလဲအတွက် ဘယ်လိုမှ အစီအစဉ်မချထားဘဲ အာဏာကို ရယူမယ့် အင်အားစုကို ဒူးမထောက်တဲ့ သူ့ရဲ့ရပ်တည်ချက်ကို လေးစားအံ့ဩမိပါတယ်” ဟု အန်နဝါအီဘရာဟင်က မဟာသီယာနှင့် ပတ်သက်၍ သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခင်အစိုးရက ချန်ထားခဲ့သော ပြဿနာများကို ဖြေရှင်းပြီးပါက ရာထူးမှ အနားယူနုတ်ထွက်မည်ဖြစ်ကြောင်း အသက် ၉၄ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အကြိမ်ကြိမ်ပြောကြားခဲ့ဖူးသည်။

နားလည်မှု အတိုင်းအတာ တစ်ခုအထိ တည်ဆောက်ထားပါကြောင်း အန်နဝါအီဘရာဟင်က ပြောကြားထားခဲ့သည်။

အန်နဝါအီဘရာဟင်၏ နိုင်ငံရေးအင်အားစုများက မဟာသီယာ၏ ပါတီနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိကာ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ဆောင်ရွက်နေသည်ဟု သတင်းမျာက ဖော်ပြထားသည်။ F-02

(ပုံစာ- အစိုးရဟောင်း၏ ပြဿနာများကို ဖြေရှင်းပြီးပါက နုတ်ထွက်မည်ဟု အသက် ၉၄ နှစ်အရွယ် မဟာသီယာက မကြာခဏပြောခဲ့ဖူးသည်)