News

POST TYPE

NEWS

မုံရွာတွင် ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာဖွင့်
23-Feb-2020
ဓာတ်ပုံ-ခင်မေစန်း

မုံရွာ၊  ဖေဖော်ဝါရီ ၂၂

ခိုကိုးရာမဲ့ဘိုးဘွားများကို ပြုစုစောင့်ရှောက်မည့် ရွှေရောင်ဆည်းဆာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ရွှေရောင်ဆည်းဆာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာကို သီလရှင် ဒေါ်ရူပသိင်္ဂီက ဦးစီးတည်ထောင်ခဲ့ခြင်းဖြစ်ပြီး စောင့်ရှောက်သူမရှိသည့် အဘိုးအဘွားများကို ဆေးဝါးကုသပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အသက် ၉၀ ကျော် တစ်ဦး၊ အသက် ၅၀ ကျော်မှ အသက် ၈၀ ကျော်အထိရှိသည့် အဘွားရှစ်ဦးကို စတင် စောင့်ရှောက်ထားကြောင်း၊ နောက်ထပ် ရောက်ရှိလာမည့် ဘိုးဘွားများကိုလည်း ဆက်လက်လက်ခံသွားမည်ဟု ရိပ်သာတာဝန်ခံ ဒေါ်ဟန်သီစောက ပြောကြားသည်။

"ခိုကိုးရာမဲ့ဖြစ်နေပြီး တစ်ဦးတည်းနေရတဲ့ ဘိုးဘွားတွေ၊ စွန့်ပစ်ခံဘိုးဘွားတွေကို ဆရာလေးက မကြည့်ရက်လို့ပါ။ ကျွန်မတို့ကလည်း အရင်လေးနှစ်လောက်ကတည်းက ဘိုးဘွားတွေနေအိမ်ထိလိုက်ပြီး ထောက်ပံ့တာတွေလုပ်ဖူးတယ်။ အခုဒီမှာခေါ်ပြီး စောင့်ရှောက်ထားတယ်" ဟု ၎င်းကပြောဆိုသည်။ 

အဆိုပါဘိုးဘွားပြုစုစောင့်ရှောက်ရေးရိပ်သာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ပြီး သံဃာတော်များကို ဆွမ်းကပ်ခဲ့သည်။   

R-08